အပိုင်း (၄)

3.4K 66 0
                                    

ခန့်ဝေယံတို့ ယွန်းရွှေလွှာကို တက်သော ကျောင်းသို့ ရောက်သွားသည့်အချိန်က နေ့လည် 12နာရီ နေ့လည်စာ စားချိန် ဖြစ်နေသောကြောင့် ကျောင်းကန်တင်းကိုသာ ခန့်ဝေယံတို့ နှစ်ယောက်သား အရင်သွားလိုက်သည်။ ခန့်ဝေယံတယောက် ဆိုင်တိုင်းကို လိုက်ကြည့်၍ မျက်စိကစားကာ သူမလေးကို ရှာနေသော်လည်း ဘယ်မှာမှ ရှာမတွေ့ပေ။

"သားကြီး ဖိုးခန့် မင်းရဲ့မဒီကို ရှာလို့တွေ့လား"
"မတွေ့ဘူးကွ သူ ဒီနေ့ ကျောင်းမလာတာများလား"
"ကန်တင်း မထိုင်တာလည်း ဖြစ်နိုင်တာပဲလေ ပီးမှ စာသင်ခန်းကို သွားကြည့်ကြမယ် အခုတော့ တခုခု စားရအောင် ငါ ဗိုက်ဆာနေပီ"
"အမ် မင်းခုနကမှ စားလာတာ မဟုတ်ဘူးလား "အအေးပဲ သောက်လာတာလေကွာ မင်းကလည်း"
"အေးပါကွာ စား စား"

ခန့်ဝေယံ တယောက် စိတ်ပျက်လက်ပျက်နှင့် ကြုံရာဆိုင်တခုတွင် ဝင်ထိုင်လိုက်သည်။ မြင်ချင်သည့် မျက်နှာလေးကို မမြင်ရဘူး မဟုတ်လား။
တေဇာကျော်ကတော့ မှာစရာရှိတာတွေကို ထိုင်မှာနေသည်။ ခန့်ဝေယံ တယောက် စိတ်ညစ်ညစ်နဲ့ အကျီအိပ်ကပ်ထဲက စီးကရက်ဗူးနဲ့ မီးခြစ်ကို ထုတ်ပီး သောက်လိုက်သည်။

"အဟွတ် ဟွတ် ဒီမယ် ဒီမယ်"
"ဟင်!!"

ရုတ်တရက် သူ့ပုခုံးကို ပုတ်ကာ ခေါ်လိုက်သောကြောင့် နောက်ဘက်ကို လှည့်ကြည့်လိုက်တော့ သူမလေး ဖြစ်နေသည်။

"ဒီမယ် ရှင့်ဆေးလိပ်ကို ဝေးဝေး သောက်လို့မရဘူးလား မီးခိုးမွှန်တာ ကျမ အသက်ရှုမဝတော့ဘူး"
"ဗျာ ဟုတ် ဟုတ်ကဲ့ အားနာပါတယ်ဗျာ"

ချောင်းဆိုးရလို့ မျက်နှာလေးပါ ရဲနေသည့် သူမလေးကို ကြည့်ကာ သူတကယ် အားနာသွားမိသည်။ ‌တွေ့မယ့်တွေ့တော့လည်း သူလုပ်သည့်ပုံစံက တကယ့်ရိုက်ပေါက်။ သောက်လက်စ ဆေးလိပ်ကို ချက်ချင်းပင် နင်းခြေ ပစ်လိုက်ပီး သွားအဖြီးသားနဲ့ သူမလေးရှိရာ စားပွဲဆီသို့ သူ ပြောင်းထိုင်လိုက်သည်။

"အဟဲ ထိုင်လို့ရမလားဟင် ခုနက ကျနော့နောက်မှာ လူရှိမယ်မှန်း မထင်လိုက်မိလို့ပါဗျာ ဆောရီးနော်"
"ရပါတယ် ကိစ္စမရှိဘူး"

သိပ်တော့လွယ်မယ့်ပုံမပေါ်သည့် မာနခဲလေးပါလားဟ။ ဖိုးခန့်နဲ့ဖိုးတေ သူငယ်ချင်းနှစ်ယောက် တယောက်နဲ့တယောက် မျက်စတွေ ပစ်ကုန်ကြသည်။

ရင်ခုန်သံထပ်တူWhere stories live. Discover now