အပိုင်း (၃)

2.6K 54 0
                                    

"သားကြီး ဖိုးတေ လာကွာ ကန်တင်း သွားရအောင်"
"အေး ဒိုးမယ် ဟိုကောင် ဖိုးပိုင်ရော"
"ကျောင်းရှေ့ရောက်နေပီ ပြောတာပဲ ငါတို့ကို ကန်တင်း သွားနှင့် သူဝင်လာမယ်လို့ ဖုန်းဆက်တယ် လာ သွားမယ်"

တေဇာကျော် ခေါ်  ဖိုးတေ၊ ပိုင်စိုး ခေါ်  ဖိုးပိုင် နဲ့ ခန့်ဝေယံ ခေါ်  ဖိုးခန့် သူငယ်ချင်း သုံးယောက်က တက္ကသိုလ် ပထမနှစ်ကတည်းက zoology မေဂျာတူ အခန်းတူ သူငယ်ချင်းများ ဖြစ်ကြသည်။ သုံးယောက်လုံးက ပိုက်ဆံချမ်းသာသော လူကုံထံ အသိုင်းအဝိုင်းက ဆင်းသက်လာသော သားသမီးတွေမို့ ကျောင်းလာလျှင် ပြိုင်ကား ကိုယ်စီနှင့် လာကြသည်။ အသက်17နှစ်အရွယ် လူချော သုံးယောက်မို့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တွေလည်း ဖြစ်ကြသည်။ ထိုအထဲတွင် ခန့်ဝေယံက ပို၍ လူကြိုက်များသည်။ ဒါပေမဲ့ သူက မိန်းကလေးတွေနဲ့ ရှုပ်ရှုပ်ယှက်ယှက် ရောထွေးနေတတ်သော စရိုက်မျိုး မဟုတ်ပေ။ သူငယ်ချင်းတွေနဲ့ ပျော်ပါးတတ်ပေမဲ့ မိန်းကလေးတွေနဲ့ ပေါင်းသင်းလျှင် စည်းတခု ထားတာက ပေါင်းသင်းသည်။ အရမ်းကြီး မရောတတ်ပေ။ ဖော်ရွေတတ်သော ဖိုးတေကတော့ ရည်းစားတွေ တယောက်ပီး တယောက် ထားကာ ပြသနာလည်း ခနခန ရှင်းရသည်။ ဖိုးပိုင်ကတော့ သုံးယောက်ထဲတွင် စာအရမ်းလုပ်သူမို့ သူ့ကို စာဂျပိုး ဟုလည်း ခေါ်ကြသေးသည်။

"သားရီး ဖိုးခန့် ငါ နီလာကျော်လင်း ကို အခုလိုက်နေတာ သူကကွာ ငါ့ကို မကြိုက်ဘူးတဲ့ မင်းကိူပဲ သဘောကျတာတဲ့"
"ဟ ဟေ့ရောင် ငါ မင်းရဲ့ နီလာကျော်လင်း လား ဖြူလာကျော်လင်း လား ငါ စိတ်မဝင်စားဘူးနော် ငါ့ကို ဆွဲမထည့်နဲ့"
"အေး သိပါတယ်ကွာ သူပြောတာကိုပဲ ပြောပြတာ"

ခန့်ဝေယံ အအေးခွက်ကို ပိုက်နဲ့စုပ်သောက်ရင်း ခေါင်းကို ခါလိုက်သည်။

"မင်းရဲ့ ကြည်ပြာတွေ နီလာတွေ ငါ မသိဘူး ငါတကယ် ရင်ထဲငြိနေတဲ့ တယောက်တော့ တွေ့ထားတယ်"

ချွမ် ခနဲ့ အသံတခုနဲ့အတူ

"ပြောလိုက်စမ်း သားရီး ဖိုးခန့် မင်းရဲ့ မဒီလေး အကြောင်း"

သူတို့နှစ်ယောက်ကြားကို ရုတ်တရက်ကြီး ကားသော့တွဲ တခု ကျလာသောကြောင့် နှစ်ယောက်လူံး လန့်ကာ ဘေးကို ကြည့်လိုက်တော့ ဖိုးပိုင် ခေါ်  ပိုင်စိုး။

ရင်ခုန်သံထပ်တူWhere stories live. Discover now