အပိုင်း (၅)

2.2K 42 0
                                    

"ကျနော် လွှာ့ကို ချစ်တယ် လွှာ လက်ခံပေးပါနော်"

တနေ့ကြားရတော့မယ်ဆိုတာ သိပေမဲ့ ယွန်းလက်မခံရဲပါ။ မတူညီတဲ့အသိုင်းအဝန်း နှစ်ခုကြားမှာ ယွန်းရဲ့အချစ်တွေ မြေဇာပင် ဖြစ်သွားမှာကိုပေါ့။

"တို့ လက်မခံဘူး ကိုခန့် ဆောရီးပါနော်"
"ဘာဖြစ်လို့လဲဟင် ကျနော်က ဘာလိုအပ်ချက်များ ရှိလို့လဲ"
"ကိုခန့်မှာ ဘာလိုအပ်ချက်မှမရှိပါဘူး ကျမမှာသာ ရှိတာပါ"
"ဘယ်လို..."
"ရှင်က ရည်းစားထားတယ်ဆိုတာ လူနှစ်ယောက်ချစ်ကြိုက်ရုံပဲ တွေးပေမဲ့ ကျမတို့ မိန်းကလေးတွေကျတော့ ဟိုအနာဂတ်အထိတွေးရတယ် ရည်းစားတစ်ထောင် လင်ကောင်တယောက် ဆိုတာ မိန်းကလေးတချို့အတွက် မှန်ပေမဲ့ တယောက်ဆိုတယောက်သာ ချစ်ချင် လက်ထပ်ချင်တဲ့ မိန်းကလေးတွေလည်း ရှိတယ် ကိုခန့်ဝေယံ"
"အင်း"
"ဒါကြောင့် ရှေ့မှာ ဘာဆက်ဖြစ်မလဲ ကြိုမြင်နေရတဲ့ လမ်းကို ကျမ မလျှောက်ချင်ဘူး ကျမ ပညာကို ‌ပြီးဆုံးအောင် သင်ချင်တယ် ပြီးရင် မိသားစုကို လုပ်ကျွေးရဦးမယ် အချစ်ကို ကျမ မတွေးနိုင်သေးဘူး"
"မင်း လိမ်နေတာပဲ လွှာ မင်းမျက်ဝန်းထဲမှာ ကိုယ့်အတွက် အချစ်တွေ ကိုယ်တွေ့နေရတာပဲ"
"ချစ်ရုံနဲ့ အရာရာ မပီးဘူး ကိုခန့် မရူးစမ်းပါနဲ့"
"လွှာ ကိုယ်ပြောတာ ခနနားထောင် ကိုယ် လွှာ့ကို စတွေ့ကတည်းက ချစ်ခဲ့တာ မင်း ဆင်းရဲသလား ချမ်းသာသလား ကိုယ်မသိဘူး သိလည်းမသိချင်ဘူး မင်းရဲ့ ပုံစံလေးအတိုင်းပဲ ကိုယ်မြတ်နိုးခဲ့ရတာ အခု ကိုယ့်မှာ ကားရှိနေတယ်ဆိုတာလည်း မိဘ ချမ်းသာလို့ ကိုယ်ပိုင်နေတာ တခုပဲ ကိုယ့်ငွေနဲ့ ရခဲ့တာတွေ တခုမှ မဟုတ်ဘူး မင်း မမြင်ချင်ဘူးဆိုရင် ကိုယ် ဒါတွေ အားလုံး ထားခဲ့နိုင်တယ် မင်းနေတဲ့ ကျဉ်းကျပ်တဲ့ နေရာမှာလည်း ကိုယ်နေနိုင်တယ် အဲ့လောက်ထိ မင်းကို ကိုယ်ချစ်တာပါ လွှာရယ်"

ယွန်း မျက်ရည်ဝေ့လာမိသည်။ ယွန်းကိုယ်တိုင်လည်း သူ့ကို ချစ်ခဲ့မိသည်မဟုတ်ပါလား။ ဒါပေမဲ့လည်း မဖြစ်သင့်တာက မဖြစ်သင့်တာပါပဲ။ ယွန်း မိုက်ကန်းတဲ့လုပ်ရပ်တွေ မလုပ်ရဲတာ အမှန်ပင်။

"ဟင့်အင်း ရှင် ကျမဆီ ထပ်မလာပါနဲ့ ကိုခန့် ကျမ ရှင့်ကို မချစ်ဘူး ခွင့်ပြုပါဦး"

ရင်ခုန်သံထပ်တူWhere stories live. Discover now