အပိုင်း (၇)

2.3K 42 1
                                    

"မာမီ ဒါ သားရဲ့ချစ်သူ ယွန်းရွှေလွှာကို တဲ့ လွှာ ဒါ မောင့်ရဲ့ မာမီလေ ဒယ်ဒီကတော့ အမေရိကားမှာပဲ နေတယ်"

မောင်က ယွန်းကို မိတ်ဆက်ပေးတော့ ‌ခေတ်ဆန်သော၊ လှပတင့်တယ်သော၊ ဘာရယ်လို့အမည်မတပ်နိုင်သော မာန်မာန တမျိုးနဲ့ ခပ်တည်တည် အရယ်အပြုံးကင်းသော မျက်နှာနှင့် မောင့်‌မာမီဆိုသော အမျိုးသမီးက ယွန်းကို ခေါင်းအစ ခြေအဆုံး ကြည့်သည်။ ပီးမှ သက်မ တချက်ရှိုက်ကာ ပြုံးလိုက်ပီး

"သမီးက အချောလေးပဲ သားက ရွေးတတ်တယ် မဆိုးဘူး"

ယွန်း စိတ်ထဲ ဖျင်းခနဲ ဖြစ်သွားပေမဲ့ လူကြီးသူမတယောက်အပေါ် မယဉ်ကျေးမှာ စိုးကာ မချိပြုံးလေး ပြုံးပြလိုက်သည်။

"ချီးကျူးတယ်လို့ပဲ သဘောထားလိုက်ပါ့မယ် အန်တီ"

မောင့်မာမီ ဒေါ်သီရိခန့် ရဲ့ အကြည့်တွေက ‌ယွန်းမျက်နှာလေးအပေါ်ကို တချက်စူးစိုက်သွားပီးမှ သားဖြစ်သူ ခန့်ဝေယံ ကို ပြန်ကြည့်ကာ

"သား မာမီ ပြောဖို့ မေ့နေတာ မင်း ဒယ်ဒီက မင်းပြန်ရောက်ရင် သူ့ကို ဖုန်းခေါ်ဖို့ ပြော‌ထားတယ် အရေးကြီးပုံ ရတယ် အလုပ်ကိစ္စ ခိုင်းဖို့ ထင်တယ် သား အခု ဖုန်းဆက်လိုက်နော်"
"မာမီကလည်း သား ပီးမှ ဆက်လိုက်မယ်လေ အခုက စကားပြောမလို့ဟာကို"
ဒေါ်သီရိခန့် တချက်တည်သွားပီးမှ
"သားရယ် ဒယ်ဒီက အရေးကြီးလို့ မှာတာကို အရင်လုပ်လိုက်ပါ မာမီက သမီးယွန်းကို ဧည့်ခံထားလိုက်မယ် မင်းရဲ့ချစ်သူကို မာမီ မကိုက်စားပါဘူး အဖြစ်သည်း‌ပြမနေနဲ့နော်"
"ဟားဟား မဟုတ်ရပါဘူး မာမီရယ် ဒါဆိုလည်း လွှာ မောင့်ကို ခနစောင့်နော် နာရီဝက်အတွင်း မောင် ပြန်လာမယ်"

ယွန်း ခေါင်းလေးညိတ်ပြလိုက်သည်။ မောင်ထွက်သွားတာနဲ့ မောင့်မာမီက ချောင်းတချက်ဟန့်ကာ

"ယွန်း လို့ ပဲမာမီ ခေါ်မယ်နော်"
"ဟုတ်ကဲ့"
"ယွန်းက ‌အင်ဂျင်နီယာကျောင်း တက်နေတာဆို"
"ဟုတ်ပါတယ် အန်တီ တတိယနှစ်ပါ"
"အင်း မင်းတို့လည်း ငယ်သေးတယ် ကျောင်းပြီးမှ လက်ထပ်ကြပေါ့ ပီးရင်တော့ သားခန့်ကို မာမီက နိုင်ငံခြားက သူ့ဒယ်ဒီဆီကို လွှတ်မှာ မင်းလိုက်သွားမှာလား"
"ရှင်!!"

ရင်ခုန်သံထပ်တူDonde viven las historias. Descúbrelo ahora