အပိုင်း (၁၁)

3.9K 77 3
                                    

"ရော့ ဒီမှာ ဖတ်ကြည့် ဒီထဲက အချက်တွေကို လက်ခံမယ်ဆိုမှ ဒီအိမ်မှာ နေရမယ်"

ညစာ ထမင်းစားပီး သားအဖနှစ်ယောက် အိမ်ရှေ့ ကော်ဖီစားပွဲပေါ်တွင် အရုပ်ဆက်ဂိမ်း ဆော့ကစားနေစဉ် ယွန်းရွှေလွှာကိုက စာရွက်တရွက် ယူလာပီး ခန့်ဝေယံ ရှေ့ ချပေးလိုက်သည်။ ပီးတော့ လက်နှစ်ဖက်ကို ဟန်ပါပါ ပိုက်ကာ ခုံပေါ်တွင် ထိုင်လိုက်ပီး

"အဟမ်း ဖတ်ပြမယ်နော် သားသားကို အသိသက်သေအဖြစ် ထားပီး ရှင်သေချာ နားထောင်ပါ"

"ဒေါ်ယွန်းရွှေလွှာကို ၏ နေအိမ်တွင် နေထိုင်ရန် လိုက်နာရမည့်အချက်များ
နံပါတ် ၁- မိမိနေသော အခန်းအား အမြဲသန့်ရှင်းနေအောင် ထားရမည်။ အလုပ်များ၍ မအားခဲ့လျှင် တပတ်တာရဲ့ တနဂ်နွေနေ့ရောက်လျှင် မဖြစ်မနေ ရှင်းလင်းရမည်။
နံပါတ် ၂- ဒေါ်ယွန်းရွှေလွှာကို နဲ့ ဦးခန့်ဝေယံ တို့သည် သားသားလေး မောင်မြတ်ဘုန်းခန့်၏ ဖေဖေနဲ့မေမေ အဖြစ်သာ ရှိနေရမည်။
နံပါတ် ၃- တယောက်ရဲ့privacy (ကိုယ်ရေးကိုယ်တာ) ကို တယောက်က ဝင်ရောက် စွက်ဖက်ခွင့်မရှိပါ။
နံပါတ် ၄- ညစာ မစားဖြစ်ခဲ့လျှင် မစားဖြစ်သည့်အကြောင်း ကြိုတင် ပြောပေးပါရန်။ (ဆန်ဈေးကြီးသောကြောင့် အပိုချက်မည် မဟုတ်ပါ။)
နံပါတ် ၅- သားသားရဲ့ ကိစ္စများကို မိဘနှစ်ပါးမှ ခွဲဝေထမ်းဆောင်ရမည်။ (ဥပမာ- သားသားအတွက် နေ့လည်စာ ထမင်းဘူးကို မေမေက ပြင်ပေးနေချိန်တွင် ဖေဖေက သားသားအား ရေချိုးပေးရမည်။)
ကဲ ကျမဘက်က တောင်းဆိုချက်တွေကတော့ ဒီလောက်ပဲ ရှင် လက်ခံနိုင်လား ကိုခန့်ဝေယံ"
"အင်း အကုန် နားလည်တယ် လက်လည်းလက်ခံတယ် တခုပဲ ကိုလည်း ထပ်ဖြည့်ချင်တဲ့ တချက်ရှိတယ် သားလေးကို တပတ်တခါ ကိုနဲ့ အပြင်ထွက် လျှောက်လည်ခွင့်ပေးရမယ် မင်း လိုက်ခဲ့ချင်လည်း ရတယ် ဘယ်လိုလဲ"

"အိုကေ လက်ခံတယ် ဒါဆို အဲ့အချက်ကို ဖြည့်ရေးပီးရင် ရှင် လက်မှတ်ထိုးပါ ကျမလည်း လက်မှတ်ထိုးမယ်"

မိဘနှစ်ယောက် အပြန်အလှန် ပြောနေကြတာကို သားလေးက လူကြီးလေးလို ခေါင်းလေးညိမ့်ပီး ကြည့်နေသည်။ ခန့်ဝေယံ တို့ နှစ်ယောက်လုံး စာရွက်တွင် လက်မှတ်ထိုးလိုက်ပီး တယောက်တရွက် သိမ်းလိုက်ကြသည်။

ရင်ခုန်သံထပ်တူWhere stories live. Discover now