အပိုင်း (၁၃)

2.4K 50 0
                                    

"သားငယ် မင်း အခုတလော အိမ်ပြန်မလာဘူးလို့ မာမီ ကြားတယ် မင်း ဘယ်မှာ ဘာတွေလုပ်နေလဲ"

မာမီ ရန်ကုန်ကအိမ်ကို ပြန်ရောက်နေသည်ဟု ကြားသည်နှင့် ခန့်ဝေယံ ချက်ချင်းပင် မာမီ့ဆီ အပြေးပြန်လာခဲ့ရသည်။ စစ်ကိုင်းဘက်က အမျိုးတွေဆီ လဝက်လောက်သွားနေတာတောင် ပြန်လာတာနဲ့ ခန့်ဝေယံ အိမ်မှာ မရှိသည့်ကိစ္စက ချက်ချင်း မာမီ့နားထဲ ရောက်သွားသည်။

"ဟို ကျနော် အလုပ်အရမ်းများနေလို့ ရုံးနားက ဟိုတယ်မှာပဲ နေနေတာပါ မာမီ အိမ်နဲ့ရုံးက နည်းနည်းဝေးတော့ သွားလာရခက်လို့ပါ"
"မင်း မာမီ့ကို တပတ်ရိုက်မယ်တော့ မကြံနဲ့နော် မာမီ မအိုသေးဘူး သားကို ယုံလို့ မာမီ ဒီတခါ ဘာမှ မစုံစမ်းဘဲ လျှော်ပေးလိုက်ပေမဲ့ နောက်တခါ ဒါမျိုး မာမီ မကြားချင်ဘူး ဘာရှုပ်ရှုပ်ယှက်ယှက်မှလည်း မာမီ မကြားချင်ဘူးနော် ဒါပဲ ပြောမယ်"

ခန့်ဝေယံ မာမီ့စိတ်ကို သိသည် မာမီက ငွေကြေးချမ်းသာသလောက် အရာရာကို ငွေနဲ့တိုင်းတာ ဆုံးဖြတ်တတ်သည်။ ငွေချင်းထပ်မှ မြတ်သည်ဟု ခံယူထားသူလည်း ဖြစ်သည်။ ထို့ကြောင့် လွှာနဲ့ သားသားရဲ့ကိစ္စကို မာမီ စိတ်ငြိမ်မှပဲ ပြောရန် ဆူံးဖြတ်လိုက်သည်။

"ပီးတော့ သားငယ် မင်းလည်း မငယ်တော့ဘူး အိမ်‌ေ‌ထာင်ပြုသင့်ပီ မာမီ သားကို မင်းသူငယ်ချင်းရဲ့ ညီမ နွယ်ဆူးသစ်နဲ့ နေရာချထားပေးချင်တယ်"
"ဟာ မဟုတ်တာ မာမီကလည်း သား ဖိုးတေနဲ့ မျက်နှာမပျက်ချင်ဘူး ဆူးကိုလည်း ညီမ တယောက်လိုပဲ ခင်တာ သားမယူပါရစေနဲ့"
"နွယ်ဆူးသစ်က ဘာချို့ယွင်းနေလို့လဲ မိဘက ချမ်းသာတယ် မောင်နှမကလည်း ပြေးကြည့်မှ နှစ်ယောက်ထဲ သူတို့မိဘတွေ တိမ်းပါးသွားရင် ရမယ့်အမွေတွေက နည်းသလား"
"မာမီ ...မာမီ ဘာလို့ အဲ့လောက်ထိ ပိုက်ဆံ ပိုက်ဆံပဲ ဖြစ်နေရတာလဲ မာမီ အခု ဆင်းရဲနေလို့လား မာမီ့မှာလည်း တသက်စားမကုန်အောင် ရှိနေရဲ့သားနဲ့ဗျာ"

ခန့်ဝေယံ မိဘကို ကျေးဇူးသိတတ်ပေမဲ့လည်း တခါတလေတော့ ပိုက်ဆံ ပိုက်ဆံဆိုပီး လောဘ ကြီးနေတာကို မကြိုက်ပေ။

"မင်း မမ ရတနာသန့် တုန်းကလည်း မာမီ စီစဉ်ပေးတဲ့ အိမ်ထောင်ဖက်ကိုပဲ ယူတော့ အခုကြည့်လေ စီးပွားတွေက တနေ့တခြား တိုးတက်နေတာ ပျော်ရွှင်နေတာပဲ သူ့ဘာသာ နိုင်ငံခြားမှာ ရတနာဆိုင်အကြီးကြီး ဖွင့်ပီး နေနိုင်နေပီ မင်းပဲကျန်တော့တာ"
"သားကရော အခု ဘာဖြစ်နေလို့လဲ မာမီတို့ ဦးစီးခိုင်းထားတဲ့ ကုမ္ပဏီတွေမှာ သား ဦးဆောင်ပီး လုပ်ပေးနေတယ်လေ အိမ်ထောင်ရေးကို သား အဆင်ပြေတဲ့အချိန်မှ တွေးပါရ‌စေ မမက မိန်းကလေးမို့ မာမီ့ကို မလွန်ဆန်နိုင်ပေမဲ့ သားကိုတော့ မာမီ မထိန်းချုပ်ပါနဲ့ မာမီတို့ မျက်နှာပျက်ရမယ့် မိန်းကလေးမျိုးကို မယူပါဘူး ဆိုတာကလွဲရင် ကျန်တာကို သားစိတ်ကူးနဲ့ သားရွေးချယ်ပါရစေ"

ရင်ခုန်သံထပ်တူWhere stories live. Discover now