အပိုင်း (၁၇)

2.5K 48 0
                                    

"ယွန်းရေ ငါတို့ ကလောမှာ project တခုရထားတာရှိတယ် အဲ့ဒါ ကွင်းဆင်းလေ့လာဖို့ သွားရမယ် နင်လိုက်လို့ ဖြစ်ရဲ့လား"
"လိုက်မယ်လေ အိရဲ့ အလုပ်ပဲဟာကို ဒီအခွင့်အရေးကို ယူပီး သားလေးကိုပါ ခရီးထွက်ဖို့ တခါတည်း ခေါ်ခဲ့ရင် ကောင်းမယ်နော် အိ မဟုတ်လည်း သားကို နင့်မိဘတွေဆီမှာ ငါ အပ်ခဲ့ရမှာပဲ ဆိုတော့လေ"
"အေး အဆင်ပြေသားပဲ သားအမိနှစ်ယောက် တခါတည်း ခရီးထွက်ပီးသား ဖြစ်တာပေါ့"
"ဟုတ်တယ် အိရယ် သားက သူ့အဖေကို သတိရနေတာ သားစိတ်ပြောင်းသွားအောင် နေရာအပြောင်းအလဲလေး လုပ်မလားလို့လေ"
"အေး ဟုတ်သား နင် အခုထိ ခန့်ဝေယံနဲ့ မပြေလည်သေးဘူးလား သားရဲ့မျက်နှာကို ထောက်ပါဦးဟယ်"

ယွန်းကို အိက စိတ်ပြေလိုပြေငြား နားချနေပေမဲ့ ယွန်း စိတ်က မပြေနိုင်ပါ။ သားကို အယုံသွင်းကာ လှည့်စားရက်သည်ဟူသော စိတ်က ဘယ်လိုနည်းနဲ့မှ စိတ်မဖြေနိုင်ပါချေ။

"သား မျက်နှာထောက်ရအောင် အစတည်းက သူ မရှိဘဲ ငါ့ဘာသာ တယောက်တည်း သားကို ပြုစုပျိုးထောင်ခဲ့ရတာပါ အခုမှ ပေါ်လာပီး သားကို ငါ့ရင်ထဲက ဆွဲထုတ်ဖို့ ကြံစည်တာ ငါလုံးဝ လက်မခံနိုင်ဘူး"
"အေးပါ ယွန်းရယ် ငါစကားပြောလောသွားလို့ပါဟယ် စိတ်လျှော့ပါနော် နင်မကြိုက်ရင် ငါ ထပ်မပြောတော့ပါဘူး"

အိ ကိုယ့်စကားမှားသွားပီမှန်းသိကာ ယွန်း စိတ်အရမ်းဆိုးနေမှန်း ရိပ်စားမိသောကြောင့် ချက်ချင်းပင် ပျာပျာသလဲ တောင်းပန်ရှာသည်။ ယွန်းလည်း ဒီကိစ္စက အိနဲ့ဘာမှမဆိုင်ဘဲ အိကို ဒေါသထွက်မိသွားသောကြောင့် အားနာသွားမိသည်။

"ဆောရီးပဲ အိရယ် ငါလည်း စိတ်အရမ်းဆတ်သလို ဖြစ်သွားတယ် သားက ငါ့ဘဝ ငါ့အသက်ဆိုတာ နင် အသိဆူံးပါ သူငယ်ချင်းရယ် မိဘရော ချစ်သူရော စွန့်ခွာသွားတဲ့ ငါ့ဘဝမှာ သားလေးက အလင်းရောင်လေးပါ ငါလေ သားကို မွေးမိလို့ ငါ တခါမှ နောင်တ မရဖူးဘူး  အခုတော့ ငါ့ဘဝရဲ့ တခုတည်းရှိတဲ့ ဒီအလင်းရောင်လေးကို သူတို့က ဆွဲထုတ်ဖို့ လုပ်နေကြတယ် အဟင့် ဟင့်"
"မဟုတ်တာ သူငယ်ချင်းရယ် ခန့်ဝေယံက သားကို သိပ်ချစ်ပုံ ရပါတယ် သူတမင်တကာတော့ လုပ်တာ မဟုတ်လောက်ပါဘူး တခုခု အထင်လွဲတာလည်း ‌ဖြစ်မှာပါဟယ် စိတ်ကိုလျှော့နော်"

ရင်ခုန်သံထပ်တူWhere stories live. Discover now