အပိုင်း (၁၄)

2.4K 48 0
                                    

"သားသားရေ မင်းမာမီကို သွားနှိုးလိုက်ဦး ဒယ်ဒီ သားတို့စားဖို့ ပေါင်မုန့်ကြက်ဥကြော်ပေးနေတယ်"
"Yes daddy"

မြတ်ဘုန်းခန့်လေး အမေဖြစ်သူကို နှိုးရန် အိပ်ခန်းထဲသို့ ပြေးဝင်လာခဲ့သည်။

"မာမီ...မာမီ ....မာမီ ထတော့ သားသား ကျောင်းနောက်ကျတော့မယ်"
"ဟင်....အင်းးးး ထပါမယ် သားရယ် အားး ကျွတ်ကျွတ် ခေါင်းကိုက်လိုက်တာ"
"မာမီ နေကောင်းဝူးလားဟင်"

သားက ပြော‌ပြောဆိုဆို ယွန်းရဲ့နဖူးလေးကို သူ့လက်ကလေးနဲ့ လာစမ်းတော့ ယွန်းမှာ ပီတိ ဖြစ်ရပြန်သည်။ ခေါင်းကို လက်နဲ့ဖိထားရင်း ညက ဘာတွေဖြစ်ခဲ့လဲဆိုတာ ပြန်တွေးကြည့်လိုက်မိတော့ ခန့်ဝေယံကို နမ်းခဲ့တာတွေ မူးပီးရစ်ခဲ့တာတွေက တရေးရေး ပြန်ပေါ်လာသည်။

"ဟာ သွားပါပီ ရူးနေပီ ယွန်းရွှေလွှာကို ညည်း အဲ့လောက်တောင် သောက်ရသလားဟမ်"

ကိုယ့်နဖူးကိုသာ နာနာပိတ်ထုလိုက်မိတော့သည်။ခန့်ဝေယံကို ဘယ်လိုမျက်နှာချင်းဆိုင်ရမလဲဆိုတာ တွေးမရတော့ပေ။ ယွန်း ရှက်လွန်းလို့ အငွေ့ပါပျံချင်စိတ် ပေါက်နေရပါပီ။ ရှက်နေလို့လည်း မပီးသေးတာမို့ မမှတ်မိချင်ယောင်ဆောင်ကာ အိမ်ရှေ့ထွက်ရန်သာ ဆုံးဖြတ်လိုက်သည်။ သားသားလက်ကို ဆွဲကာ မီးဖိုချောင်ထဲရှိ ထမင်းစားပွဲသို့ သွားထိုင်နေလိုက်တော့ ခန့်ဝေယံက ပေါင်မုန့်ကြက်ဥကြော် သုံးပန်းကန်ကို လာချပေးသည်။ သားသားအတွက် နွားနို့တခွက်၊ သူ့အတွက် ကော်ဖီတခွက် ချပေးပီး ယွန်းအတွက်ကိုတော့ ပျားရည်ဖျော်ထားသော ခွက်တခွက် လာချပေးသည်။

"သောက်လိုက်ဦး ခေါင်းကိုက်နေမှာစိုးလို့ ပျားရည်ဖျော်ပေးထားတာ"
"ကျေးဇူး"
"ညက ကိစ္စတွေ မှတ်မိလား"

ယွန်း မျက်လုံးလေး ပေကလပ် ပေကလပ် ဖြစ်သွားပီး မမှတ်မိသလိုပုံစံ လုပ်နေလိုက်သည်။ ထိုစဉ် သားက

"ဒယ်ဒီ ဒယ်ဒီ့နှုတ်ခမ်းက ဘာလို့ မဲနေတာလဲ"
"ဟမ် ဪ ဟိုလေ သားရယ် ညက ဒယ်ဒီ့ကို ကင်းမဲကြီး ကိုက်သွားလို့ ဖြစ်မှာပေါ့ကွာ ဒယ်ဒီလည်း နိုးလာတော့ အဲ့လို ဖြစ်နေတာ တွေ့တာပဲ"
"ဟုတ်လား သားသား ကျောင်းက ဆရာမ ပြောဖူးတယ် ကင်းကောင်တွေက အဆိပ်ရှိတယ်တဲ့ ဆေးလိမ်းနော် ဒယ်ဒီ သားသား မုန့်စားပီးရင် လိမ်းပေးမယ်"

ရင်ခုန်သံထပ်တူWhere stories live. Discover now