Chapter 9.10/9.11

Start from the beginning
                                    

"ဒီဓားကို ဘယ်သူက ထိခွင့်ပေးထားတာလဲ!" စုလင်း၏နောက်ထပ်အော်ဟစ်သံက မူရိ၏ ခန့်မှန်းချက်ကို ငြင်းပယ်လိုက်သည်။ သူက သူ့လက်နှစ်ဖက်ကို သူ့ရင်ဘတ်ပေါ်မှာ လက်ပိုက်ထားရင်း စောင့်ကြည့်နေလိုက်သည်။ ယခုအချိန်တွင် မူရိက ဤအမျိုးသမီးကို တကယ်ကို စိတ်ဝင်စားနေခဲ့သည်။

တံခါးမှ ကန့်လန့်ကာစကို ကိုင်ထားပြီးနေပြီဖြစ်သော ကုယွင်က နောက်ပြန်လှည့်မကြည့်တော့ပဲ သူမလက်ထဲမှ ရေခဲဓားကို လှုပ်ခါပြလိုက်ပြီး "ဒါက ကျွန်မ အပိုင်ဖြစ်နေပြီ၊ ရှင်မှာ အစွမ်းရှိရင် ပြန်လာယူ! ကျွန်မ စောင့်နေမယ်"

သူမက ပင်းလျန့်ကို ယူဖို့ ဆုံးဖြတ်ပြီးပြီဖြစ်တာကြောင့် လွယ်လွယ်နဲ့ စွန့်ပစ်မှာ မဟုတ်ပါဘူး။

အမိုက်စား အသွင်အပြင်က တဲထဲမှ လှပစွာ ပျောက်ကွယ်သွားပြီး ပေါက်ကွဲလုနီးနီးဖြစ်နေသည့် လူအုပ်စုကို ချန်ထားရစ်ခဲ့သည်။ လို့မူဟိုင်က ပေါ့ပေါ့ပါးပါး ချောင်းဟန့်လိုက်ပြီး စိတ်မသက်မသာဖြစ်နေသော အပြုံးဖြင့် "နောက်ကျနေပြီ၊ ငါ အရင်ပြန်တော့မယ်"

ဒီလို အိမ်တွင်းရေးကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းဖို့က သူလို ဖြောင့်မှန်တဲ့ အရာရှိတစ်ယောက်အတွက် ခက်ခဲလွန်းတယ်။ ဒီရွှံ့ရေထဲကို မဆင်းတာက သူ့အတွက် ပိုကောင်းတယ်။

လို့မူဟိုင်က လွတ်မြောက်သွားတာကြောင့် စုရန်ကလည်း ခပ်မြန်မြန် နောက်ပြန်ဆုတ်ကာ "ဟုတ်တယ်၊ ဟုတ်တယ်၊ အရမ်းနောက်ကျနေပြီ၊ တာ့ကောလည်း အနားယူတော့လေ၊ ကျွန်တော် မနှောင့်ယှက်တော့ပါဘူး!"

အမလေး... မိုးနတ်မင်းကြီးရေ.... ချင်းမော့က အရမ်းသန်မာတာကို သူ သိပေမယ့် သူမရဲ့စကားတွေက လူတွေကို သေတဲ့အထိ ဒေါသထွက်စေနိုင်တာကို သူ ဘာလို့ သတိမပြုမိခဲ့တာလဲ? ဒါမှမဟုတ် သူမက တာ့ကောနဲ့ ရင်ဆိုင်ရမှ အဲ့လို ထူးထူးခြားခြား ပေါက်ကွဲတတ်တာလား??

ဒီအချိန်မှာ သူ အရင်ရှောင်နေလိုက်တာက ပိုကောင်းလိမ့်မယ်။

"ကျွန်တော်... ကျွန်တော်မျိုးကိုလည်း ပြန်ခွင့်ပြုပါ!" စုရန်က တဲထဲကနေ အမြန်ထွက်သွားတာကြောင့် လက်ထောက်ယုကလည်း ထွက်ခွာခွင့်တောင်းလိုက်သည်။

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now