Chapter 16 🌷

768 16 4
                                    

Unicode,,,,,

:::စာမစစ်ထားပါ:::

" အို.. ရောက်လာပြီပဲ ထိုင်ပါအုံး "

ကျွန်းတံခါး ကြီးပွင့်လားသံနှင့်အတူ suit ကိုသပ်ရပ်စွာ ဝတ်ဆင်ထားသော သူသည် ဘာစကားမှပြောဆိုခြင်းမရှိ တိတ်ဆိတ်စွာဝင်လာသည်။

ကျွန်းဖြင့်အလှဆင်ထားသော ခုံများတွင် အလိုက်သတင့်ဝင်ထိုင်ကာ ဘေးတွင်အလှထား ထားသော ချယ်ရီပန်းတုများကိုသာ ကြည့်နေသည်။ အရပ်မြင့်ပြီး ခြေတံရှည်သောကြာင့် ခြေထောက်ရှည်များသည် စားပွဲခုံကို လှမ်းထိအလား။ လက်ထဲတွင် မီးခြစ်ကို ကျစ်ကျစ်ကိုင်ထား၍ အိတ်ထဲမှ စီးခရပ် တစ်လိပ်ကို ထုတ်လိုက်သည်။
ပါးစပ်တို့တေ့၍ မီးခြစ်ဖြင့် မီးအနည်းငယ်ငြှိကာ ပါးစပ်အတွင်း အားပါစွာ ရှုသွင်းလိုက်သည်။

ထို့နောင့် အရှေ့မှာ သူ့ကိုကြည့်ကာ ခြေတံရှည်ရှည်များကို လှပစွာ ချိတ်ထားတဲ့ အမျိုးသမီးတစ်ယောက်ကို ဆိုက်ကြည့်နေလေသည်။

ထိုအမျိုးသမီးသည် ထည့်ထားသော ဝိုင်ခွက်ကို လှုပ်ရမ်းနေကာ နှုတ်ခမ်းများကို မဲ့ပြုံးပြုံးထားသည်။

" ငါ့မှာ အချိန်တွေသိပ်ပေါမနေဘူး လိုရင်းတိုရှင်းပဲပြော "

ဝိုင်ခွက်ထဲမှလက်ကျန်ဝိုင်နီနီ တချို့ကို ပါးစပ်ထဲသို့ ထည့်လိုက်ကာ ထိုလူ၏စကားကို တုန့်ပြန်လာသည်။

" အိုကွယ်.. မလောပါနဲ့ရှင် အေကရီက ညှိနှိူင်းစရာလေးရှိလို့ပါ "

" ငါ့မှာ မင်းနဲ့ဘာညှိနှိုင်းစရာမှမရှိဘူး ၔကရီ ငါ့အချိန်တွေလာမဖြုန်းနေနဲ့ "

" ဟုတ်လို့လားကွယ်.. အေကရီတော့မထင်ပါဘူး။ ပန်းလရောင်သွေး...
ဿုန်မင်းခန့်ထည် "

" မင်းဘာသဘောလဲ "

" ရှင်သိပါတယ်သူတို့ကို.. ကောင်းကောင်းကိုသိတယ် "

" မင်းဘာလိုချင်တာလဲ အေကရီ "

အေကရီသည် ထိုင်နေရာမှထကာ ထိုလူအနားသို့ ဖြည်းဖြည်းချင်း ကပ်သွားကာ ထိုင်လိုက်သည်။

" ရှင် ပန်းလရောင်သွေးကို ကြိုက်တယ်မလား။ ကျမလည်း ဿုန်မင်းခန့်ထည်ကို ကြိုက်တယ်။ ဒါကြောင့် ကျမတို့က တူနေတယ်။ "

You've reached the end of published parts.

⏰ Last updated: May 07 ⏰

Add this story to your Library to get notified about new parts!

The Naughty Boy Become My Husband ( Ongoing )Where stories live. Discover now