chapter 5 🌷

2.8K 105 2
                                    

Unicode ,,,,,

:::စာမစစ်ထားပါ:::

နောက်ကြောင်းပြန်ခြင်း

Flash back

နန်းတော်ကြီးကဲ့သို့ လှပသော အိမ်တစ်လုံးမှ ပန်းများသည် ကောင်ငယ်လေးတစ်ယောက်ကို လှပစွာ ဆွဲဆောင်လျက်ရှိသည်။

" အယ်... ဇေရောင် တောင်ရောက်လာပြီပဲ လာ လာ လာ "

သက်ကြီးပိုင်း တစ်ယောက်သည် အိမ်ထဲမှထွက်လာ၍ သူငယ်ချင်းဖြစ်ပုံရသူ ကိုလှမ်းခေါ်နေသည်။

" အေးကွယ်..... မြေး.. မြေးက ခန့်ထည်လေးနဲ့ သွားဆော့နေနော် ...အဖိုးတို့ စကားပြောလိုက်ဦးမယ် "

" ဟုတ် ဖိုးဖိုး "

Short pant ပန်းရောင် နုနုလေးနှင့် ခြေတံသွယ်သွယ်လေးတို့သည် လိုက်ဖက် လျက်ရှိသည်။ မရှည်တရှည် ဆံနွယ်များသည် လေထဲ၌ ၀ဲလျက်ရှိသည်။

မျက်လုံး၀ိုင်း၀ိုင်းလေး ၊ ချယ်ရီ ဖူးလေးကို ဖူးကာ စတော်ဘယ်ရီသီး လေးလို ရယ်နေသော နှုတ်ခမ်းတစ်စုံ နှင့် ဘယ်ဘက် မျက်လုံးလေးအောက်မှ မှဲ့နက်လေး တစ်ခု ထိုကောင်လေးမှာရှိနေသော အရာအားလုံးသည် စွဲမက်စရာကောင်းလှပေသည်။

ထိုကောင်လေးသည် ပန်းလရောင်သွေး ဆိုသည့် သူသာဖြစ်သည်။
ထိုအချိန်တွင်ထိုကောင်လေးသည် 14 အရွယ်သာရှိသည်။

သွေးတစ်ယောက် လာနေကျအတိုင်း ကျူးလစ်ပန်းခင်းများရှိရာ ပန်းခြံလေး သို့စိုက်စိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့သည်။
လေးကလေးများ တ၀ူး၀ူး နှင့် အလွန်ကို သာယာလှသည်။ နွေရာသီဖြစ်သောကြောင့် လေရူးများလည်း တိုက်ခတ် တတ်သည်။

ပန်းခြံလေးထဲသို့ရောက်သောအခါ 8 နှစ် အရွယ်လောက်သာ ရှိသည့် ကောင်လေးတစ်ယောက်ရှိလေသည်။ 8 နှစ်အရွယ်ဖြစ်ပေမဲ့ အခြားကလေးတွေလို ဆော့ကစားခြင်းမရှိဘဲ ခုံတန်းလေးပေါ်တွင် ထိုင်ကာ တ၀ူး၀ူး တိုက်နေသော လေများနှင့် ဇိမ်ခံလျက်ရှိသည်။

သွေးထိုကောင်လေး၏ ဘေးနားသို့သွားကာ ၀င်ထိုင်လိုက်သည်။
ထိုကောင်လေးသည် ဘာစကားမှမဆိုလာ။

" ဿုန် လေး... ဿုန်လေးပျင်းနေတာလား ကိုကိုနဲ့ ကစားမယ်လေ "

သွေးပြောနေသမျှကို မျက်တောင်မခက်တမ်း ကြည့်ကာ ခဏ အကြာတွင် စကားဆိုလာသည်။

The Naughty Boy Become My Husband ( Ongoing )Waar verhalen tot leven komen. Ontdek het nu