Chapter 6 (1) 🌷

2.9K 109 8
                                    

Unicode,,,,

:::စာမစစ်ထားပါ:::

( ရိုင်းစိုင်း သော စကားလုံးများပါသည်မို့ ဖတ်ချင်မှဖတ်ပါ #### )

Hotel ရှေ့တွင် ရှိနေသော အသက်ကြီးပိုင်း 6 ယောက်နှင့် လူငယ် 2 ယောက်တို့သည်။ Hotel ရဲ့ 5 ထပ်မြောက် သို့ ဓာတ်လှေကား မှတစ်ဆင့် dinner ပွဲလုပ်ရန် နေရာသို့ရောက်ရှိလာသည်။

ကိုယ်စီ တစ်နေရာစီ ၀င်ထိုင်ပြီးနောက် သက်ကြီးပိုင်း အဖိုးနှစ်ယောက်သည် လေထုကိုဖြိုခွဲကာ စကားစလာသည်။

ခန့်ထည်၏ အဖိုးဖြစ်သူမှ စကားဆိုလာသည်။

" မြေး... မြေးတို့ သိပြီးသားဖြစ်မှာပါ အခု dinner ပွဲက ရိုးရိုးမဟုတ်ဘးးဆိုတာ... မြေးတို့လည်း အရွယ်ရောက်နေပြီ သားလရောင်လေး ဆိုရင်လည်း အရွယ် ရောက်နေပြီ.. ဒီ ဟာကို မြေးတို့ မွေးကတည်းက စီမံထားတာကွဲ့။ ကယ် လိုရင်းပဲပြောပါတော့မယ်ကွယ် မြေးခန့်ထည်နဲ့ မြေးလရောင်ကို စေ့စပ် ပေးမဲ့ အကြောင်းပါ "

သွေးတစ်ယောက် အလွန် အ့သြသွားသည်။ သူဒီအကြောင်းကိုမသိတဲ့အပြင် အခုသူနဲ့ စေ့စပ်ရမဲ့သူက ဿုန်လေးတဲ့လား။ အ့ဆို ရှင်းခန့်ထည် အကိုက ဿုန်မင်းခန့်ထည်ကို အဲ့တာကြောင့် အဲ့နာမည်ကို ရင်းနှီးနေပါတယ်လို့။ သွေး အဖိုးဖြစ်သူစီသို့ အကြည့်ရောက်သွားသညိ။ အဖိုးဖြစ်သူကလည်း နားလည်တဲ့အနေနဲ့ သွေးရဲ့အကြည့်တွေကို ပြန်ဖြေပေးသည်။

" ဟုတ်တယ် မြေးလရောင်.. အဖိုးမင်းကို ကြိုမပြောခဲ့တာက မြေးကငြင်းမှာ ကြောက်လို့ကွဲ့ ..မြေးလရောင် အဖိုးကိုစိတ်ချမ်းသာစေချင်ရင် မငြင်းပါနဲ့ကွယ်။ မြေးခန့်ထည်နဲ့ကလည်း မြေးနဲ့ ရင်းနှီးတာပဲ ကွယ်... "

သွေး တစ်ယောက် အတော်ကို အ့သြ သွားသလို စိတ်မကောင်းလည်းဖြစ်သွားတယ်။ အခုမှတော့သူငြင်းချင်ရင်တောင်ငြင်းလို့မှမရတော့တာ။

" အဖိုး!! "

သွေးတစ်ယောက် မွန်းကျပ်လာတာမို့ ထိုက်နေရာမှထကာ လေသာဆောင်ဆီသို့ သာထွက်ခဲ့လိုက်သည်။

" ဟူး... ဒီကလေးနဲ့တော့လေ.. မြေးခန့်ထည် လရောင်လေးနောက် လိုက်သွားပါလား ကွယ် ဒီကောင်လေးက အသက်သာကြီးသွားတယ် ဂျစ်ကန်ကန် "

The Naughty Boy Become My Husband ( Ongoing )Donde viven las historias. Descúbrelo ahora