chapter 13 (1) 🌷

2.2K 78 0
                                    

Unicode,,,,,,

:::စာမစစ်ထားပါ:::

အပြန်လမ်းတွင် မိုးများ အုံဆိုင်းနေသည်။ စောဏကပင် လင်းထိန်နေ​ေသာ နေမင်းကြီးသည် မိုးတိမ်များ၏ ဝါးမြိုခြင်း ခံရ၍ ပျောက်လုဆည်း။ မိုးစက်များသည် တစ်ဖောက်ဖောက် နှင့် ကျလာသည်။
ပတ်၀န်းကျင် တစ်ခုလုံးသည် မိုးများဖြင့် စိုစိမ့်စိမ့် ဖြစ်ကုန်သည်။

မိုးရွာရင်း လေပြေလေညင်းများ ရောယှက် ပါလာသောကြောင့် ချမ်းစိမ့်စိမ့် အခိုက်အတန့် လိုဖြစ်လို့။ နွေကုန်လို့ မိုးကူးကာလ ကြားမို့ ရာသီကတော့ မမှန်ချင်ပေ။

အေးစိမ့်စိမ့် ဖြစ်လာသောကြောင့် ပူနွေးနေသော လက်ဖဝါးနှစ်စုံကို အေးစက်နေသော လည်ပင်းအောက် ထည့်ကာ အနွေးဓာတ်ပေးလိုက်သည်။ မိုးအေးသည့်အပြင် ကားအဲကွန်းကပါ လေအေးများ လွင့်သောကြောင့် သွေးသည် ချမ်းတထပ် ချမ်းလာသည်။
မိုးများ တစ်ဖျောက်ဖျောက် ကျသံကြောင့် မျက်လုံးများသည် တဖြည်းဖြည်းနှင့် မှေးမှိန်လာသည်။ တိတ်ဆိတ်လွန်းသော ဘေးဘီကြောင့် အိပ်ခြင်းကို သာ ခွင့်ပြုလိုက်သည်။

ခေါင်းကို ကားပြတင်းပေါက် မှန်ပေါ်တွင် မှီကာ မျက်လုံးများကို မှိတ်ချလိုက်သည်။ ချက်ချင်းဆိုသလို အိပ်ဆက်ချင်း ၏ အိမ်မက်များစီသို့ တစ်စုံတစ်ယောက်ကတော့ သွားနေလေတော့သည်။

ဘေးတွင်အိပ်နေသော သွေးကိုကြည့်ကာ ဿုန် ဟန်ပါပါ ပြုံးလိုက်သည်။ ဤအပြုံးသည် တွေ့ဖူးသမျှထဲတွင် အသက်၀င်ဆုံးပင်။
ကားထဲတွင် လိုလိုပိုပိုထား ထားသော ဆောင်လေးတစ်ထည်ကို ထုတ်၍ ချစ်ရသူလေးကို ညင်သာစွာ ခြုံပေးလိုက်သည်။ အချစ်ပေးသော အနွေးဓာတ်သည် အားလုံးထဲတွင် အားအကောင်းဆုံးသော အနွေးဓာတ်ပင်ဖြစ်သည်။

ချမ်းစိမ့်နေရာမှ မှီခိုရာ ရလိုက်သလိုပင် အနွေးဓာတ်ရ ရာ ဆောင်လေးထဲသို့ ကျုံ့ကာ၀င်သွားသည်။ ဿုန်သည် ကားကို အရှိန်ရှော့လိုက်ကာ ညင်သာစွာမောင်းနှင်၏။

..................................

အရမ်းကြီး မအေးတော့ပဲ နွေးထွေးပြီး မြေပြင်ကျယ်တစ်ခုပေါ်သို့ ရောက်နေသည်ဟု ခံစားရသောကြောင့် သွေး မျက်လုံးများကို ဖြေးဖြေးချင်း ဖွင့်လိုက်သည်။ အခန်းမီး ၏ အလင်းရောင်ဆူးဆူးသည် အမှောင်ထဲမှ နိုးထလာကာစ မျက်လုံးတစ်စုံအတွက်တော့ အလွန်ပြင်းလှသည်။

The Naughty Boy Become My Husband ( Ongoing )Where stories live. Discover now