chapter 10 🌷

2.3K 72 1
                                    

Unicode,,,,,

:::စာမစစ်ထားပါ:::

ထည်၀ါ၍ အရှိန်အ၀ါနှင့် ပြည့်စုံနေသော တိုက်ကြီးဆီသို့ ကား တစ်စီး သည် စိုက်စိုက်မြိုက်မြိုက် သွားနေလေသည်။

ကြီးမားကာ လေယာဉ်ကွင်း တစ်ကွင်းစာလောက်ပင် ရှိသော တိုက်ကြီးသည် ကားတစ်စီးနှင့် ယှဉ်လိုက်လျှင် အလွန်ကြီးမားလှသည်။
အစောင့်များစွာနှင့် လုံခြုံရေးကို တင်းကျပ် စေ၍ တိုက်ကြီးသည် အလွန်ပင် အရှိန်အ၀ါကြီးကြောင်း ပြသနေသည်။
ထိုခြံ၀န်းထဲသို့ ကားတစ်ဆင်းသည် ၀င်ရောက်သွားသည်။
ကားပါကင် သို့ရောက်ဖို့ပင် မိနစ်အနည်းငယ်လောက်မောင်းရသေးသည်။

သီရိ ကားကို ရပ်ကာ ကားအနောက်ခန်းတွင် ခရီးပန်းကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသူလေးကို နှိုးဖို့ကြိုးစားရတော့သည်။
အနှီကောင်မလေးသည် အိပ်နေသည့်အခါတောင် ချစ်ဖို့ကောင်းနေတုန်းပင်။

" ဟိတ်.... ရောက်ပြီ ထတော့လေ "

ဖြူဖွေးနေသော ပေါင်တန်လေးကို လှုပ်၍နှိုးတော့ 'အင်း.. ' ဆိုတဲ့အသံလေးထွက်လာကာ ပြန်အိပ်သွားသည်။

" ထတော့ ရောက်ပြီ ထားခဲ့ရမာလား "

ထိုအခါမ အိပ်ချင်မူးတူးနဲ့ ထိကာ

" အာ... ရောက်ပြီလား ဘယ်ကိုတုန်း "

လှုပ်ပွနေသော ဆံပင်များကို သပ်ကာ စဉ်းစားကြည့် မှ အကုန်သတိရသွားဟန်

" အာ.. ဟုတ်... ဟုတ်ကဲ့ ကျေးဇူးပါ နည်းနည်း အိပ်ပျော်သွားလို့ ဟီး ...."

ဖြူဖြူဖွေးဖွေးသွားများကို ပြကာ ပြုံးနေသော သူလေး အလွန်အလေးဆန်ကာ ချစ်ဖို့ကောင်းလေသည်။

ကားပေါ်မှဆင်းကာ အထုတ်များကို အစောင့်များက လာသယ်ပေးသည်။ အရှေ့မှဦးဆောင် သွားကာ အိပ်ပုပ်လေးကတော့ အနောက်က လိုက်လာသည်။

ၔည့်ခန်းထဲ၌ စာအုပ်ဖတ်နေသော အဖိုးဖြစ်သူစီမှ

" အေး.. ရောက်ကြပြီပေါ့ လာပါအုံး ငါ့မြေးမလေး မတွေ့ရတာ အတော်ကြာပေါ့ "

" ဖိုးဖိုး.. သမီး ဖိုးဖိုးကို လွမ်းနေတာ ဟီးး "

" အ့မလေးတော့ အခုမှပဲ ငါ့မြေးကို ပြန်ဖတ်ရတော့တယ်ဟေ ဟဟ "

The Naughty Boy Become My Husband ( Ongoing )Where stories live. Discover now