chapter 14 (1)🌷

2.2K 56 3
                                    

Unicode,,,,,

:::စာမစစ်ထားပါ:::

နို့စိမ်းနုနုအရောင်ရှိသော မကျဉ်းမကျယ် နှင့် သပ်ရပ်နေသော လှပနေသော ပန်းချီကားများနှင့် စုနေသော အခန်းငယ်လေးတွင်
စိမ်းပြာရောင်နုနု ဝမ်းဆက်ကို ဝတ်ဆင်ထား၍ နူးညံ့သော အိပ်ယာအိအိ ပေါ်တွင် လဲလျောင်းနေသည်။

ကြည်လင်နေသော မျက်ဝန်းတစ်စုံသည် အခန်းထောင့်တစ်နေရာတွင်ရှိသော မှန်အကြည် ပြတင်းပေါက် မှ ကြီးမား ခိုင်ခံ့ကာ နှစ်ပ​ေါင်းကြာနပြေီဖြစ်၍ နှစ်တိုင်းလိုလို ပိတောက်ပွင့်ကလေးများ ဝေဝေဆာဆာပွင့်နေတက်သည့် နွေရာသီ သကေႅတ ပန်းပင်ကြီးသို့ လွမ်းဆွေးမှုများနှင့် ရှု့စားနေလျက်။

ရှင်းခန့်ထည် အတွေးများကိုရပ်ကာ ထ ထိုင်လိုက်သည်။ ဘေးတွေရှိသော စာကြည့်စားပွဲအသေးလေးပေါ်က ဖုန်းကိုယူ၍ တစ်ခုခုကို အသည်းအသန်ရှာဖွေနေသည်။

လက်ချောင်းထိပ်ကလေးများသည် ဖုန်း၏ စခရင် ( screen ) ခေါ်တွင် တောက်တောက်တောက် နှင့် အသံများထွက်ပေါ်နေသည်။

ဟော တွေ့ပါပြီ။ ရှင်းခန့်ထည် တိမ်းမင်းဆက်၏ Official Account ကို ဝင်ကာ friend အပ်ထားသည်ကို ချက်ချင်းဖြုတ်လိုက်သည်။ ကြည့်ရတာ သူအပ်ထားသည်ကို မမြင်ရသေးသည့်ပုံပင်။ ' Tain Min Satt ( Artist ) ဆိုသည့် အကောင့် နာမည်ကို အကြားကြီး ကြည့်နေမိသည်။

ထို့နောက် ဖုန်း စခရင် (screen) ကို အောက်သို့ဆွဲကာ တင်ထားသော ပို့စ်တွေလိုကိ တစ်ခုမကျန်လိုက်ကြည့်နေမိသည်။ ရှင်းခန့်ထည် မသိတော့ပါ။ ဘာကြောင့်သူသည်လိုလုပ်မိနေမှန်း သူကိုယ်တိုင်တောင် သူနားမလည်တော့ပေ။

ပို့စ်တွေကို ကြည့်ရင်း ပို့စ်တစ်ခုအရောက် ရှင်းခန့်ထည်၏ လက်များရပ်တန့်သွားသည်။ တိမ်မင်းဆက်သည် ပုံထဲတွင် ကောင်မလေး သုံးယောက်၏ အလယ်တွင် မတ်တပ် ရပ်နေကာ ပြုံးနေသည့်ပုံပင်။ ထို့အပြင် အသဲ 3 ခုနှင့်တင်ထားသည်မို့ ရှင်းခန့်စိတ်ထဲ မရိုးတော့ပေ။

သူ့လက်သည် comment ထဲဘယ်လိုရောက်သွားလဲမသိ။ ကောမန့်ထဲတွင် ထိုတိမ်မင်းဆက်နှငိ့ အတူရိုက်ထားတဲ့ ကောင်မလေးတွေအပြင် အခြားကောင်မလေးတွေကပါ တိမ်မင်းဆက်ကို အသည်းသန် ကြူနေကြသည်။ အချို့ဆို မောင်တွေရော ကိိုကိုတွေရောနဲ့ ပိုဆိုးတာ က အကောင့်နာမည်တွေကိုပါ
' ကိုကိုမင်းဆက်ရဲ့ စုတ်တံလေး
' ကိိုကိုတိမ်မင်းဆက်ရဲ့ ဆံနွယ်ဝါဝါလေး
' ကိုကိုမင်းဆက်မှမရရင် အပျိုကြီးလုပ်တော့မယ်။ တို့ ဘာတို့နှင့် စသည့် နာမည်များကို ထား ထားကြသည်။

The Naughty Boy Become My Husband ( Ongoing )Where stories live. Discover now