chapter 9 (1) 🌷

2.5K 112 5
                                    

Unicode,,,,,

:::စာမစစ်ထားပါ:::

" ဒါဘယ်သွားမလို့လဲ "

မိုးပြာရောင်သိပ်ကြိုက်လွန်းသူက မိုးပြာရောင် လက်ရှည် အက်ျီနဲ့ long pant အဖြူတစ်ကို ၀တ်ဆင်ထားသည်။ ပုံကြည့်ရတာအပြင်သွားမဲ့ပုံ။ ဆံနွယ် များကို မသေမသပ်ထားတာတော့ မဟုတ်ပေမဲ့ အရှင်းကြီးလည်းမဟုတ်။ခေါင်းလျော်ထားခါစ မို့ မျက်လုံးနားတွင် ဆံပင်မွေးလေးများက ကျနေသည်။ မည်သည်မှမလိမ်းချယ်ထားသော်လည်း သဘာ၀အလှနှင့် လှနေသူလေး။

ဒီနေ့ ဆုနှင်းက ပြန်လာမှာမို့ လေဆိပ်မှာသွားကြိုဖို့ လုပ်စဉ် တစ်ခုတော့စိုးရိမ်မိသည်။ ဿုန်မင်းခန့်ထည်က လွှတ်ပါ့မလား။

ဿုန့်စကားကြောင့် သွေး၏ခြေလှမ်းများ ရပ်တန့်သွားသည်။
သူမသိတော့ပါ။ ဒါကိုလည်းသူမကြိုက် ဘာလို့ အဲ့ကောင်လေးပြောသမျှကို အမိန့်လိုနာခံနေရတာတုန်း။

" ငါ့ဘာသာ ဘယ်သွား သွား မင်းနဲ့မှမဆိုင်တာ "

" ဆိုင်တာပေါ့။ သိပ်ဆိုင်တာပေါ့။ ကျုပ်က ခင်များနဲ့ စေ့စပ်ထားတဲ့သူလေ။ လင်တောင်ဖြစ်တော့မှာကို ဘာကြောင့်မဆိုင်ရမှာတုန်း "

ထိုစကားသည် သွေး၏ နားထဲသို့ စိုက်စိုက်မက်မက် ရိုက်ခက်သွားသည်။ သွေး မျက်မှာသည် ချက်ချင်းဆိုသလို ပန်းရောင်သန်းသွားကာ ချယ်ရီသီးလေးလိုပင်။ ထားစရာနေရာမရှိအောင်လည်း ရှက်မိ။ အဲ့အကြာင်းကို တွေးမိတိုင်း သွေးရဲ့ မျက်နှာသည် လိမ်လို့မရ အဲ့ကောင်လေးသည် သူ့ကို တကယ်ပဲ ဘာလုပ်ချင်နေတာလဲမသိဘူး။
( ချုပ် ရိုးချင်နေတာ ပါ 🌚 )

" မသွားရဘူး "

" ငါသွားမှာ "

" ဘာတွေအဲ့လောက် အရေးကြီးနေလို့လဲ။ ဒီမယ် ကျုပ်အတွက်တော့ ဘယ်အရာမှ ခင်များလောက်အရေးမကြီးဘူး။ ခင်များဒီပုံစံနဲ့ဘယ်လိုသွားမှာလဲ။ အပူရှပ်သွားမှာပေါ့။ ခေါင်းကဒီလောက်ဆိုနေတာ နေပူရတဲ့ကြား "

ဘာမဆိုင်ညာမဆိုင် ကိုယ့်ကို စိတ်ပူပေးနေတဲ့ ကောင်လေးကြောင့် သွေးရှက်ရပြန်ပြီ။ သူလဲယောကျ်ားပဲ အဲ့လောက်တော့ဘာမှမဖြစ်ပါဘူး။ သိပ်စိုတာလဲမဟုတ်ပဲ။ ပိုလွန်းတယ်။

The Naughty Boy Become My Husband ( Ongoing )Where stories live. Discover now