chapter 3 (2) 🌷

2.8K 102 2
                                    

Unicode .....

:::စာမစစ်ထားပါ:::

" ဖိုးဖိုးတို့ မနက်ဖြန်ကျ dinner ရှိတယ်။ ရိုးရိုးမိသားစု dinner မဟုတ်ဘူးမြေး။ ဖိုးဖိုးရဲ့ သူငယ်ချင်းဟောင်း ဦးဇေရောင်ထုဋ် ရဲ့မိသားစု ပါ တက်မှာ အဲ့တာမြေး လိုက်ကိုလိုက်ရမယ်။ "

ဿုန်မင်းခန့်ထည်တွေးမိသည်။ ဦးဇေရောင်ထုဋ် ဆိုတာ ဖိုးဖိုးရဲ့ သူငယိချင်းဟောင်းကြီးပဲ။ နောက် ဖိုးဖိုးရဲ့သူငယ်ချင်းဟောင်းမှာ မြေးတစ်ယောက်ရှိတယ်။ သူနဲ့ငယ်ငယ်ကတည်းက ကစားနေကျ နောက်ပိုင်းမှာ တော့ အဲ့ကောင်လေးနဲ့လုံး၀မတွေ့ဖြစ်တော့။
ဒါပေမဲ့ သူရှုပ်ရှုပ် ရှပ်ရှပ်တွေ မကြိုက်တာမို့ ငြင်းရန်တာဆုံးဖြတ်လိုက်သည်။

" အာ..... ဖိုးဖိုးကလည်း ကျွန်တော် အဲ့လိုရှုပ်ရှုပ်ရှပ်ရှပ်တွေ မကြိုက်ပါဘူးဆို "

" ဿုန်မင်းခန့်ထည်! မြေးမလိုက်လို့မရဘူးကွဲ့။ တော်ရုံတန်ရုံ dinner ဆို အဖိုးမင်းကို မခေါ်ပါဘူး.. ဒါမျိုးတွေကို မြေးမကြိုက်တာလည်းသိတယ်။ ဒါကသားရေးသမီးရေး လည်းပါတယ်ကွဲ့။ ငြင်းဖို့မကြိုးစားနဲ့ မြေးဿုန်။ ဒါအဖိုးရဲ့အမိန့်ပဲ။ အဖိုးကိုစိတ်ဆင်းရဲအောင်မလုပ်ပါနဲ့ကွယ်။ "

ဿုန်မင်းခန့်ထည် ငြင်းဖို့ လုပ်လိုက်ပေမဲ့ အဖိုးရဲ့ စကားကြာင့် သူ ငြင်းရခက်သွားသည်။
အဖိုးသည် သူ့ကို မိသားစုထဲမှာ သူ့ကို ဂရုစိုက်ဆုံးသူ ငယ်ငယ်ကတည်းက အဖိုးနဲ့နေတာများပြီး ဓားရေး ၊ သေနတ် ၊ မြှားပစ်..၊ ကိုယ်ခံပညာ.. စသည်တို့ကိုလည်း အဖိုးကသာ သင်ကြားပေးခြင်းဖြစ်စည်။ ထို့ကြောင့် သူသည် အဖိုးကို လေးစား ကြောက် ရသည်။

" ဒါမဲ့ အဖိုး...... "

" မြေး အမိန့်! "

အဖိုး၏အမိိန့်ဆိုသည် စကားအဆုံးတွင် ဿုန်မင်းခန့်ထည်တစ်ယောက် ဘာမှမလုပ်နိုင်တော့ချေ။

အဖိုးဖြစ်သူက ပြောချင်တာပြောပြီးသွားတော့ သူ့အခန်းထဲသူ၀င်သွား၏ အမေတို့ကလည်း အဖိုးနောက်လိုက်သွားသည်။ အခု ဿုန်မင်းခန့်ထည် သာကျန်် တော့သည်။ အဖိုးက အသက် 80 နားနည်းနေပြီ အသက်သာကြီးသွားတယ် အဖိုးကအခုထိ သန်မာသေးတုန်းပင်။

The Naughty Boy Become My Husband ( Ongoing )حيث تعيش القصص. اكتشف الآن