chapter 8 (1) 🌷

2.7K 90 1
                                    

Unicode ,,,,,,

:::စာမစစ်ထားပါ:::


သွေးတစ်ယောက် ဿုန်ခေါ်ရာကို ကြောင်အစွာ ပါသွားလေသည်။ ဿုန်သည် သူ၏ အခန်းထဲသို့ဦးတည်နေသည်။

တံခါးကို အကြမ်းပတမ်းဖွင့်ကာ မွှေ့ယာပေါ် သို့ သွေးကိုပစ်ချလိုက်သည်။

" အ့! ဘာလုပ်.... "

လူဆိုးကောင်လေးက သူ့ကိုသူ့အိပ်ခန်းထဲကို ခေါ်လာပြီး လူကိုယ် ညှင်ညှင်သာသာမလုပ်ဘူး ဘာအကျင့်လဲကိုမသိဘူး။
သွေး တစ်ယောက် အိပ်ယာပေါ်သို့ ပြုတ်ကျသွားေပမဲ့ မွှေ့ယာ အကောင်းစား king size မို့တော့မနာဘူး။ သို့သော် စိတ်တော့အတော်တိုသွားသည်။

ဟုတ်သည်လေ။ လူကို အတင်းအကျပ် သူလုပ်ချင်တာတေပဲ လုပ်နေတာ နည်းနည်းမှမညှာတာဘူး။ အားနေ ဟိုဟာ... အယ် ဘာမှမဟုတ်တော့ပါဘူး။

လူဆိုးကောင်က ရုတ်တရက်သူမဟုတ်တော့သလိုပင် ဆေးများမှားသောက်မိသလား။ ဆရာ၀င်မြန်း ခေါ်ရတော့မလားမကွဲပေ။

သွေးကို မွှေ့ယာပေါ်ပစ်ချကာ တစ်ခုခု မကောင်းတာလုပ်တော့မယ် ထင်ပေမဲ့ မဟုတ်ခဲ့ သွေး၏ ပေါင်ပေါ်သို့ ညှင်သာစွာ လဲလျောင်းလိုက်သည်။ အားနေတဲ့လက်တေွက သွေး၏ လက်သွယ်သွယ်များကို ထိကစားနေသည်။

သွေး တစ်ယောက် ဘာလုပ် ဘာကိုင်ရမှန်းမသိတော့ပင်။ သူပင်ပန်းနေတာလား ဆိုတဲ့ အတွေးက ခေါင်းထဲ၀င်လာသည်။ ထို့နောက်ဘာမှမပြောပဲ ငြိမ်နေလိုက်တော့ ဿုန့်ဘက်မှစကားစလာသည်။ ညှင်သာစွာပေါ့။

" မောင့်သွေး... သွေးလေး.. မောင့်သွေးကြော လေး.. မောင့် အသက်.. "

" တော်တော့! .. ဘယ်.. ဘယ် လို အရှက်မရှိလာပြောနေတာလဲ။ ကြား... ကြား ပါတယ်! "

ဿုန်တစ်ယောက်နှစ်ချိုက်စွာပြံုးလိုက်သည်။ သူ့ ကိုကိုလေးက ရှက်သွေးဖြာနေရင် အရမ်းချစ်ဖို့ကောင်းပြီး လှနေရော အလုပ်မှာ ပင်ပန်းလာသမျှ အကုန် သွေးရဲ့ ရှက်သွေးဖြာနေတဲ့ မျက်နှာလေးနဲ့တင် အကုန် အချစ်တွေနဲ့ မျောပါသွားသည်။

" ဘာ.. ဘာ လို့ အဲ့လိုစိုက်ကြည့်နေတာလဲ.! မျက်နှာမှာ တစ်ခုခုရှိလို့လား "

The Naughty Boy Become My Husband ( Ongoing )Where stories live. Discover now