chapter 4 🌷

2.7K 95 3
                                    

Unicode....

:::စာမစစ်ထားပါ:::

Dinner day...

ယောကျ်ား ပီသသော body structure ၊ ခက်ထန်သော မျက်နှထား နှင့် အနက်ရောင် suit ကိုသပ်ရပါစွာ ၀တ်ဆင်ထားသည်။ အသက် 70 ကျော် သက်ကြီးပိုင်းတစ်ယောက် ထင်စရာ မရှိ။

" ခန့်ထည်.. မြေး.. မပြီးသေးဘူးလားကွဲ့ အချိန်တန်ပြီနော်။ "

ဿုန်မင်းခန့်ထည် အတွက်တော့ ဒီနေ့ဟာ သူ့အတွက် စိတ်ရှုပ်စရာ နေ့ပေါ့။ သို့ပေမဲ့ ဿုန်မင်းခန့်ထည် မသိတာက ဒီနေ့ဟာ သူ့အတွက် နေ့ကောင်းနေ့မြတ်ပဲ ဆိုတာကိုပေါ့။

" ပြီးပြီ.... လာခဲ့မယ် "

စကားမရှည်ချင်တာကြောင့် တိုတိုတုန့်တုန့်နဲ့ လိုရင်းသာပြောလိုက်သည်။

....................

Suit တွေဘာတွေ၀တ်ရတာမကြိုက်တာမို့ လွတ်လွတ်လပ်လပ် ရှိကာ ပေါ့ပါးမည့် အ၀တ်ကိုသာ ၀တ်ဆင်ရန် ဆုံးဖြတ်လိုက်သည်။
မပွတမွ အဖြူရောင် လက်ရှည် အက်ျီ ရယ် ဘောင်းဘီအ ရှည်ကိုသာ၀တ်ထားသည်။ အက်ျီ ကို ဒီတိုင်းချထားရင် မသပ်ရပ်ရာကျမှာဆိုး၍ ပိုနေသော အောက် အက်ျီ အစများကို ဘောင်းဘီထဲသို့ထဲ့ကာ၀တ်လိုက်သည်။ သပ်ရပ်စွာ၀တ်ထားသည်မို့ သွေးတစ်ယောက်သည်အတော်ကို ကြည့်ကောင်းနေသည်။ ကောင်းကင်ကကျလာသည့် နတ်သားလေးအလား။

' တီ..... တီ.... တီ... '

" ဟယ်လို အဖိုး "

" အေးမြေး ကားကအိမ်ရှေ့ရောက် နေပြီကွဲ့။ "

" အော် ဟုတ် လာခဲ့မယ်ဖိုးဖိုး "

ထို့နောက်တွင် အမဲရောင် ကားလေး တစ်စီးသည် dinner ပွဲရှိရာ Y company ပိုင်သည့် Night Light hotel သို့ ထွက်ခွာခဲ့ကြသည်။

........

Hotel ရှေ့၌ အလုပ်သမားများသည် ကိုယ်စီ အလုပ်ရှုပ်နေကြသည်။ Y company ရဲတစ်ဦးတည်းသော ပိုင်ရှင်ကြီး ဦးဇေရောင်ထုဋ် နှင့်အတူ T company ရဲ့တစ်ဦးတည်းသော ပိုင်ရှင်ကြီး ဦး မင်းလွင်ထည် တို့ ရဲ့ dinner ပွဲကြီးဖြစ်သည်။
အချို့သူတွေဆို သူတို့နှစ်ယောက်ကို တွဲတွေ့လိုက်တာနှင့် TY လို့ ပမွှန်းတင်ကြသည်။

The Naughty Boy Become My Husband ( Ongoing )Where stories live. Discover now