chapter 13 (2) 🌷

2.2K 54 4
                                    

Unicode,,,,,

:::စာမစစ်ထားပါ:::


" အဟွန့်! "

အိမ်တံခါးဝမှ ချောင်းဟန့်သံကြားသောကြောင့် သွေးစာဖတ်နေရာမှ လှည့်ကြည့်လိုက်သည်။ အကောက်အကောက် ဆံပင်များကို တစ်ဖက်ဘေးသို့ချထားကာ body fit dress အရှည်နှင့် ဒေါက်မြင့်ကို တွဲဖက်ကာ ဝတ်တင်ထားသည်။

" တို့ပါ.. မောင်ရှိလား "

လာပြန်ပြီ အေကရီေမဆိုတဲ့ မိန်းမ သွေးစိတ်ညစ်သွားရသည်။ ဿုန့်ကိုလည်း တမောင်မောင်နဲ့ သူ့ကိုယ်သူ ဿုန်မင်းခန့်ထည်မိန်းမကျနေတာပဲ။ သွေး အေကရီကို ခေါင်းစခြေဆုံး တစ်ချက်ကြည့်ကာ ပြောလိုက်သည်။

" ရှိတယ် သူအလုပ်လုပ်နေတယ် "

" ဘယ်မှာလဲ တို့လိုက်သွားလိုက်မယ် "

" ဿုန်က သူ့အခန်းကို အခြားသူ ဝင်တာမကြိုက်ဘူး မအေကရီ "

" အိုကွယ် တို့က အပြင်လူမှမဟုတ်ပဲ အရင်ကတည်းက မောင့်အခန်းကို ဝင်လိုက်ထွက်လိုက်ပဲလေ သိပ်ရင်းနှီးတာ အဟက်! အို ဆောရီးနော် အရင်ကအကြောင်းတွေ ပြန်သတိရသွားလို့ပါ "

" မလိုပါဘူး သွားခေါ်ပေးပါ့မယ် "

" အဲ့တာဆိုလည်း ပြီးတာပဲ တို့ဒီကစောင့်နေမယ် " ဆိုကာ ၔည့်ခန်းထည်းသို့ ဝင်ထိုင်လိုက်သည်။

' ဒေါက် ဒေါက် '

အလုပ်စာပွဲတွင် laptop တစ်လုံးနှင့် အလုပ်ရှုပ်နေသူ။ သူအလုပ်ကိုစိတ်ဝင်တစား အာရုံစိုက်ပြီးလုပ်နေပြန်တော့လည်း ရင့်ကျက်တဲ့ သူလိုပင်။

" ဝင်လာခဲ့ "

သွေးကိုတွေ့သည့်အခါ စာကြည့်မျက်မှန်ကိုချွတ်ကာ ကြည့်၏ မျက်လုံးများသည် အလွန် ရင့်ကျက်လှသည့်သူလိုပင်။

" ငါပါ.. မအေကရီလာတယ် "

" မတွေ့နိုင်ဘူးပြောလိုက် ကိုယ့်မှာ သူ့ကိုမကြိုဆိုသလို မင်းကလွဲရင် သူများအတွက်အချိန်မေပါေနဘူး "

" ရဘူး မင်းသွားတွေ့လိုက် မဟုတ်ရင် သူပြန်မှာမဟုတ်ဘူး "

" ကျစ်! "

ဿုန် အောက်ထပ်သို့ဆင်းသွားက ၔည့်ခန်းထည်းတွက် ကျကျနန ထိုင်နေသည့် သူကိုတွေ့လိုက်ရသည်။

The Naughty Boy Become My Husband ( Ongoing )Where stories live. Discover now