အပိုင်း (၁၁၆) + အပိုင်း (၁၁၇)

Почніть із самого початку
                                    

သခင်ကြီးကျန်းက လက်ခါပြလိုက်ပြီး အငယ်နှင့်ပြိုင်ကာ မတွက်ကပ်လိုကြောင်း ပြလိုက်လေသည်။

" ဟား ဟား ဟား ဟား ...."

ရယ်သံများသည် ကျန်းမိသားစု၏အိမ်တော်မှ ဆက်တိုက် ထွက်ပေါ်လာလေသည်။ ကျန်းမိသားစုနှင့် ရင်းနှီးသူများသည် သည်ကိစ္စကို ထူးဆန်းသည်ဟု သေချာပေါက်မြင်ကြလိမ့်မည်။ ပုံမှန်ဆိုလျှင် အိန္ဒြေကြီးနှင့် ရှိနေတတ်သည့် သခင်ကြီးကျန်း၏အိမ်သည် အခုတော့ အလွန်မှ ပျော်ရွှင်နေကြလေသည်။ သူတို့သည် ဘယ်လိုပျော်ရွှင်ရသည့် အကြောင်းအရာများ ဖြစ်ခဲ့သည်ကို သိကြလိမ့်မည်မဟုတ်ပေ။

" တကယ်ထူးဆန်းတာပဲ၊ မင်းတို့ Sမြို့က တကယ့်ကို အရည်အချင်းရှိတဲ့သူတွေနဲ့ ပြည့်နေတာပဲ"

သခင်ကြီးကျန်းက ခေါင်းကုပ်လိုက်၏။ သူသည် သည်လိုSမြို့ငယ်လေးတွင် ပါရမီရှင်များ ပြည့်နေလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။

" ဒါနဲ့ မိန်းကလေးရှန်ယွဲ့ မင်းလည်း သင်္ချာဘာသာရပ်မှာ တော်တယ်နော်၊ မဟုတ်မှလွဲရော မင်းက အွန်လိုင်းပေါ်မှာ ပြောနေတဲ့ ပါရမီရှင်လို့တော့ မပြောနဲ့နော်"

သခင်ကြီးကျန်းက ရုတ်တရက် ထမေးလိုက်လေသည်။ သာမန်လူသာဆိုလျှင် သတိလွှတ်သွားပေလိမ့်မည်။ သို့သော် ရှန်ယွဲ့ကတော့ တည်ငြိမ်နေဆဲ။ သူမသည် မျက်နှာအမူအရာမပြောင်းလဲဘဲ ပြုံးကာ ပြောလိုက်၏။

" အဘိုးရယ် ဘာတွေပြောနေတာလဲ၊ ကျွန်မက ဘယ်လိုလုပ်ပြီး ဒီလောက်အစွမ်းရှိတဲ့လူ ဖြစ်နိုင်မှာလဲ"

" ဟုတ်ပါတယ်လေ၊ မင်း အဲလောက်အထိတော့ အစွမ်းမရှိသင့်ပါဘူး၊ မင်းသာ ဆေးပညာမှာရော သင်္ချာဘာသာရပ်မှာရော တော်နေရင် ကောင်းကင်ဘုံရဲ့အလိုတော်ထက် သာလွန်နေပြီမလား ( အရမ်းကို အံ့ဩစရာကောင်းနေပြီလို့ပြောတာပါ)"

သခင်ကြီးကျန်းသည် တစ်ချိန်ထဲတွင် မဖြစ်ပျက်နိုင်ဟု သူတွေးထားသည့်အရာအားလုံးက ရှန်ယွဲ့ထံတွင် လာဖြစ်နေလိမ့်မည်ကိုတော့ မျှော်လင့်မထားခဲ့ချေ။ နောက်ပိုင်း အမှန်းတရာကိုသာ သိရှိသွားခဲ့လျှင် သခင်ကြီးကျန်း၏မေးရိုးသည် အောက်ကျသွားလောက်ပေသည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now