အပိုင်း (၁၁၄) + အပိုင်း (၁၁၅)

Začať od začiatku
                                    

" ဟုတ်တယ်၊ ငါ့မှာ နောက်ဆုံးတော့ ငါ့ရဲ့အသက်ဟောင်းကို ပြန်ရခဲ့တာ၊ မင်းလိုချင်တာ ဘာပဲဖြစ်ဖြစ် ပြောလိုက်၊ ငါ လုပ်ပေးနိုင်တာဖြစ်နေသ၍ လုံးဝမတွေဝေဘူး"

" ကျွန်မ မတောင်းဆိုရဲပါဘူး၊ အဘိုးက အရမ်းကို အားနာတတ်လွန်းနေပါပြီ" ရှန်ယွဲ့က ပြုံးလိုက်၏။

ရှန်ယွဲ့သည် ရုပ်ဝါဒီသမားတစ်ယောက် မဟုတ်မှန်းသိလိုက်ရသဖြင့် သခင်ကြီးကျန်းသည် သည်မိန်းကလေးကို ပိုပြီး လေးစားသွားတော့သည်။ သူက မိသားစုအကြောင်း လှိုက်လှုက်လှဲလှဲ စကားဖောင်ဖွဲ့ရင်း သူမကို ဟိုအကြောင်း သည်အကြောင်း မေးလိုက်လေသည်။ သူ့သဘောထားမှာ အမှန်ပင် သိမ်မွေ့လှပေသည်။

ရှန်ယွဲ့သည် အသက် ၁၈နှစ်သာ ရှိသေးမှန်း သိလိုက်ရသောအခါ ကျန်းဟွမ်ကို အံ့ဩတကြီး ပြောလိုက်တော့သည်။

" ဟေ ဒါဆို မင်းက ငါ့ရှောင်လော့ထက် တစ်နှစ် နှစ်နှစ်လောက်ပဲ ငယ်တာပေါ့၊ ဒီလိုငယ်ငယ်လေးနဲ့ ဆေးပညာမှာ အရမ်းကို ပြောင်မြောက်တာပဲ၊ တကယ် အလားအလာရှိတဲ့သူပဲ"

ကျန်းဟွမ်သည် ရှန်ယွဲ့ကို ကြည့်လေလေ သူမကို ပိုပြီး သဘောကျလေလေ ဖြစ်နေလေသည်။ သည်အခိုက်တွင် သူသည် ရှန်ယွဲ့ကို သူ့ကျေးဇူးရှင်တစ်ယောက်လို ဆက်ဆံသည့်အပြင် သူ့မြေးမလေးအရင်းသဖွယ် ဆက်ဆံလိုက်တော့သည်။

ရှန်ယွဲ့သည် သည်အခြေအနေကို စိတ်အနှောင့်အယှက် မဖြစ်မိပေ။ ထို့အပြင် အဘိုးကြီး၏သဘောထားကလည်း သူမကို သဘောကျလေသည်။ သူတို့သည် ထူးထူးခြားခြား စကားကောင်းနေကြတော့သည်။ ကျန်းဟွမ်နှင့် ရှန်ယွဲ့တို့ ပိုပြီး ပျော်ပျော်ရွှင်ရွှင်နှင့် စကားပြောနေသည်ကို တွေ့လိုက်ရသဖြင့် ကျန်သည့် ကျန်းမသိသားစုများက နေ့လည်စာပြင်ဆင်လိုက်ကြပြီး ရှန်ယွဲ့နှင့် သခင်ကြီးကျန်းကို ဧည့်ခန်းထဲတွင် ထားခဲ့လိုက်ကြသည်။

" မိန်းကလေး မင်းက ဗဟိုမြို့တော်မှာ နေတာမဟုတ်ဘူးဆိုတော့ ဘယ်မှာနေတာလဲ၊ ဘယ်မှာ ကျောင်းတက်နေတာလဲ" သခင်ကြီးကျန်းက မေးလိုက်၏။

" ကျွန်မ Sမြို့မှာနေပါတယ်၊ Sမြို့ ပထမအထက်တန်းကျောင်းမှာ တတိယနှစ် စီနီယာတန်းရောက်ပါပြီ" ရှန်ယွဲ့က ပြန်ဖြေလိုက်၏။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now