အပိုင်း (၁၁၂) + အပိုင်း (၁၁၃)

Start from the beginning
                                    

" အားလုံး၊ လမ်းဖယ်ပေးကြပါ၊ လူနာကို အောက်စီဂျင် လုံလုံလောက်လောက်ရအောင် ပေးရမယ်"

ရှန်ယွဲ့က ဘေးကကြည့်ရှုနေသူများကို မောင်းထုတ်လိုက်ပြီး အဘိုးကြီး၏သွေးခုန်နှုန်းကို စမ်းကြည့်လိုက်လေသည်။

ကျောင်းသူလေး၏မျက်နှာမှာ လမ်းပေါ်တွင် ပိတ်နေသည့်ကားများကို စိုးရိမ်တကြီး ကြည့်ရင်း မျက်ရည်များ ပြည့်တက်လာတော့သည်။ သူမသည် ဖုန်းကို ကိုင်ထားပြီး အဘိုးကြီး၏မိသားစုကို အခြေအနေ ပြောပြနေဟန်တူသည်။ ထို့နောက် သူမက အဘိုးကြီးကို အော်ခေါ်လိုက်၏။

" ကျန်းလူကြီးမင်း ကျန်းလူးကြီးမင်း"

" သူအခု သတိရတစ်ချက် မရတစ်ချက်ဖြစ်နေတယ်" ရှန်ယွဲ့က ပြောရင်းဆိုရင် ငွေအပ်များကို ထုတ်လိုက်လေသည်။

ကျောင်းသူလေးသည် အခိုက်တန့် မှင်သက်သွားတော့သည်။ ရှန်ယွဲ့က အဘိုးကြီးအား ကယ်ပေးချင်နေသည်ကို တွေ့လိုက်ရသဖြင့် သူမက အမှတ်တမဲ့ နေရာလွဲပေးလိုက်၏။

" အစ်ကိုကြီး ကျွန်မကို မီးခြစ်လေးငှားပါ" ရှန်ယွဲ့က မြန်မြန်ပြောလိုက်၏။ သူမ စကားမဆုံးခင်မှာပင် သူမ၏လက်က တုတ်တုတ်ခိုင်ခိုင်နှင့် ယောက်ျားရှေ့သို့ ရောက်နှင့်နေသည်။

" ဪ ဪ ဒီမှာ"

ထိုယောက်ျားက မတုန့်ပြန်မိသော်လည်း အမှတ်တမဲ့ မီးခြစ်တစ်ခုကို ထုတ်လိုက်ပြီး ရှန်ယွဲ့အား လှမ်းပေးလိုက်လေသည်။

အားလုံးက အံ့အားသင့်နေကြသည့် အကြည့်အောက်တွင် ရှန်ယွဲ့က ငွေအပ်ကို ဆွဲထုတ်လိုက်ပြီး အပ်ကို မီးအပူပေးကာ ပိုးသ-တ်လိုက်သည်။ ထို့နောက် တည်တည်ငြိမ်ငြိမ်ဖြင့် အပ်ကို အဘိုးကြီး ဘယ်ဖက်လက်ဖဝါးတွင် ထိုးစိုက်ထားလိုက်လေသည်။

ဒါက ပထမဆုံး အပ်စိုက်ရမည့်နေရာဖြစ်သည်။ ရှန်ယွဲ့သည် ခဏကြာပြီးနောက် အပ်စိုက်ပြီးသွားပြီး ဆက်လုပ်မည်ပြင်လိုက်စဥ် တုတ်တုတ်ခိုင်ခိုင်နှင့် ယောက်ျားက သူမကို လှမ်းတားလိုက်သည်ကို မြင်လိုက်ရလေသည်။ တစ်ချိန်ထဲတွင် သူက ဆူဆဲလိုက်တော့သည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now