အပိုင်း (၁၀၈)+အပိုင်း (၁၀၉)

Magsimula sa umpisa
                                    

ရှန်ယွဲ့က ဗဟိုမြို့တော်မှာ ဘာသွားလုပ်နိုင်မှာလဲ။ ရှန်ရှန်သည် အနည်းငယ် ဇဝေဇဝါဖြစ်သွားတော့သည်။ သူ သိသလောက်တော့ ရှန်ယွဲ့က Sမြို့မှာပဲ ကြီးခဲ့တာလေ။ ဗဟိုမြို့တော်က လူတွေနဲ့ ဆက်ဆံဖို့မပြောနဲ့ ဘယ်မှတောင် ရောက်ဖူးတာမဟုတ်ဘူး။

ရှန်ယွဲ့က ထုတ်မပြောချင်သည်ကို သိလိုက်ရပြီး ရှန်ချန်ကိုယ်တိုင်လည်း အဖြေရှာမရသဖြင့် သူက ဆက်မတွေးတော့ဘဲ နောက်အချက်တစ်ခုကို သတိထားမိလိုက်တော့သည်။

" ငါ့ခြေထောက်ကို ကုပေးမလို့ဟုတ်လား"

ရှန်ချန်က အနည်းငယ်အံ့ဩသွားပြန်သည်။ ရှန်ယွဲ့၏အဓိပ္ပါယ်ကို နားလည်လိုက်ပြီးနောက် သူသည် ချက်ချင်းပင် ညိုးကျသွားတော့သည်။ သူ့ခန္ဓာကိုယ်က အမှတ်တမဲ့ နောက်သို့ တွန့်သွားပြီး ငြင်းဆန်လိုက်တော့သည်။

" မဖြစ်နိုင်ပါဘူး အစ်မရာ၊ နင့်အင်အားတွေကို အလကားအကုန်မခံပါနဲ့"

" ခြေထောက်ကို ကုပေးနိုင်တယ်လို့ ငါနင့်ကို အစောကြီးကတည်းက ပြောခဲ့ပြီးပြီလေ၊ နင် ဘာမှ စိတ်ပူစရာမလိုဘူး"

ထိုအကြောင်းကို စဥ်းစားလိုက်ပြီး ရှန်ယွဲ့သည် ရှန်ချန်၏ထော့နဲ့နေသည့်ခြေထောက် အခြေအနေကို သိချင်သွားဖြင့် ရှန်ချန်၏ဘောင်းဘီကို မ,တင်ရန် လက်လှမ်းမိလျက်သား ဖြစ်သွားတော့သည်။

သို့သော် သည်အပြုအမူက ရှန်ချန်ကို အလန့်တကြားဖြစ်သွားစေတော့သည်။ စဥ်းစားမနေဘဲ သူက ရှန်ယွဲ့ကို တားလိုက်ပြီး သူ့ဘောင်းကို ဖိချထားလိုက်ကာ

" မလုပ်နဲ့၊ ငါ့ခြေထောက်က အရမ်းရုပ်ဆိုးတယ်"

ရှန်ယွဲ့သည် ကိုယ်ပျောက်သမားတော် ဖြစ်စဥ်ကာ ခက်ခက်ခဲခဲ ကုရသည့် ဖျားနာမှုအားလုံးကို မြင်တွေ့ခဲ့ဖူးပြီး ထိုအရာများကိုစိတ်ထဲတွင် လုံးဝမထားခဲ့ပေ။ သူမက ဖိအားပေးကာ ပြောလိုက်တော့သည်။

" ငါ ဆေးပညာအကြောင်း နည်းနည်းပါးပါး သိပါတယ်ဟဲ့၊ ငါ ကြည့်ပေးလို့ရတယ်၊ ကာမထားနဲ့"

ရှန်ချန်သည် မတတ်သာတော့ပဲ နှုတ်ဆိတ်ကာ သူ့လက်ကို ဖယ်ပေးလိုက်တော့သည်။ သူ့အမူအရာက အနည်းငယ်ရှက်ရွံ့နေသော်လည်း သည်းခံထားလိုက်ပြီး ရှန်ယွဲ့အား သူ့ဘောင်းဘီကို ပင့်ခွင့်ပြုလိုက်တော့သည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Tahanan ng mga kuwento. Tumuklas ngayon