အပိုင်း (၁၀၆) + အပိုင်း (၁၀၇)

Start from the beginning
                                    

သည်အခိုက်အတန့်တွင် ရှန်ယွဲ့က စကားပြောရန် လုံးစိတ်မရှည်ဖြစ်နေသည်ကို အာရုံခံမိသဖြင့် ဟန်လင်းက သူပြင်ဆင်ထားသည့် လောကွတ်စကားကို ချက်ချင်း မပြောရဲအောင် ဖြစ်သွားတော့သည်။ သူက အနည်းအကျဥ်းသာ ပြောလိုက်လေတော့သည်။

" မိန်းကလေးရှန်ယွဲ့ ကျွန်တော် ကျန်းမိသားစုကို သတိပေးထားပြီးပါပြီ၊ သူတို့တွေ နောက်ဆိုရင် မိန်းကလေးကို လုံးဝလာနှောင့်ယှက်ရဲတော့မှာ မဟုတ်ပါဘူး၊ ဒီအရူးတွေကြောင့် စိတ်အနှောင့်အယှက်မဖြစ်ဖို့ မျှော်လင့်ပါတယ်"

" ကောင်းပါပြီ၊ ကျေးဇူးတင်ပါတယ်"

ရှန်ယွဲ့သည် ကျန်းရှု၏ နိမ့်ချထားသည့်သဘောထားက ဟန်လင်း၏နောက်ကွယ်က ဖိအားကြောင့်မှန်းဖြစ်ပြီး ဟန်လင်းက ကျိုးမိသားစုကြောင့် သူမကို မျက်နှာချိုသွေးနေမှန်း ချက်ချင်းသဘောပေါက်သွားတော့သည်။

ဟန်လင်းက သူမ၏ပြဿနာများကို ကူဖြေရှင်းပေးခဲ့သဖြင့် သူမ၏သဘောထားကလည်း အနည်းငယ်အကောင်းဘက် ရောက်လာတော့သည်။

" ကောင်းပါပြီ ဒါဆို ဆက်လုပ်တော့လေ၊ ကျွန်တော် မင်းကို ထပ်မနှောင့်ယှက်တော့ဘူး၊ တစ်ခုခုဆိုရင် ချန်းယန်ကတဆင့် ကျွန်တော့်ကို ဆက်သွယ်နိုင်ပါတယ်"

ဟန်လင်းသည် ရှန်ယွဲ့နှင့် စကားစ,ပြောလိုက်သည်နှင့်ချက်ချင်း အလွန်ဖိနှိပ်ထားခံရသလို ခံစားလိုက်ရပြီး အမှတ်တမဲ့ ဘာမှမပြောရဲတော့ပေ။

" ကောင်းပြီ"

ရှန်ယွဲ့က ဖုန်းကို လှလှပပ ချလိုက်လေသည်။

ချန်းယန်က သူ့ဖုန်းကို ပြန်ယူလိုက်ပြီးနောက် ရှန်ချန်၏ကိုယ်ပေါ်က ဒဏ်ရာများကို ကြည့်လိုက်ပြီး ကြင်ကြင်နာနာဖြင့် ပြောလိုက်တော့သည်။

" ရှန်ချန်မှာ ဆေးမထည့်ရသေးတဲ့ ဒဏ်ရာတွေရှိသေးတယ်၊ ဒီလိုလုပ်မယ်လေ၊ ငါ အတန်းချိန်နှစ်ခုအတွက် ခွင့်ပေးလိုက်မယ်၊ ဆေးခန်းကို တစ်ချက်သွားပြလိုက်"

ရှန်ယွဲ့သည် ချန်းယန်၏ လိုက်လျောညီထွေ နေတတ်သည့်အရည်အချင်းကို အလွန်သဘောကျသွားတော့သည်။ သူမက သူ့ကိုခေါင်းညိတ်ပြလိုက်ပြီး သက်တော်စောင့်များကို လူခွဲလိုက်တော့သည်။ သူမက လှည့်ကြည့်လိုက်ပြီး ရှန်ချန်ကို ဆွဲထုတ်လာခဲ့တော့သည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now