အပိုင်း (၁၀၆) + အပိုင်း (၁၀၇)

Start from the beginning
                                    

ရှန်ယွဲ့ ဘာမှမပြောရသေးခင်မှာပင် ရှန်ချန်က မြန်မြန် ပြောလိုက်တော့သည်။

" အစ်မ သူတို့တွေကိုလည်း ကျန်းရန်က ခိုင်းစေခဲ့တာ၊ သူတို့တွေ နောက်ဆို ဘာမှလုပ်ရဲတော့မယ် မထင်ဘူး၊ ထားလိုက်ပါတော့နော်"

ရှန်ယွဲ့က အင်တင်တင်ဖြင့် ခေါင်းညိတ်ပြလိုက်တော့သည်။

" အေးလေ ဒီလိုဆိုတော့လည်း မင်းတို့လေးယောက် ကိုယ့်ကိုယ်ကို ပြန်သုံးသပ်တဲ့စာ စာလုံးရေး တစ်သောင်း ရေးလိုက်ကြ၊ မင်းတို့တွေ နောက်လာမယ့် တနင်္လာနေ့မနက် တန်းစီရင် ဒီစာကို ဖတ်ပြပြီး အတန်းရဲ့ သန့်စင်ခန်းတွေကို တစ်လတိတိ သန့်ရှင်းရေးလုပ်ပေးရမယ်"

ချန်းယန်သည်လည်း ပါးနပ်သူတစ်ယောက်ပင်။ ရှန်ယွဲ့၏သဘောထားက အများကြီး ပျော့ပြောင်းသွားသည်ကို သိလိုက်ရချိန်တွင် သူက လေသံနိမ့်ကာ စီစဥ်ပေးလိုက်တော့သည်။

" ဟုတ်ကဲ့ ဟုတ်ကဲ့" ကောင်လေး လေးယောက်က သဘောတူလိုက်ပြီး အလုအယက်ပြောလိုက်ကြလေသည်။

" ဟယ်လို၊ မြို့တော်ဝန်ဟန်၊ ကောင်းပါပြီ၊ ဟုတ်ကဲ့၊ ကျွန်တော်အခုပဲ မိန်းကလေးရှန်ယွဲ့ကို ဖုန်းပေးလိုက်ပါ့မယ်"

ချန်းယန်သည် ဖုန်းကို ချက်ချင်းကိုင်လိုက်ပြီး လုံးဝ အချိန်မဆွဲရဲပေ။ သူသည် ဖုန်းကို ရှန်ယွဲ့ထံယူသွားလိုက်ပြီး တောင်းတောင်းပန်ပန်နှင့် ပြုံးပြလိုက်ကာ

" မြို့တော်ဝန်ဟန်က မင်းနဲ့ စကားပြောချင်လို့ပါတဲ့"

ပြီးခဲ့သည့်အခေါက်တုန်းက ဟန်လင်းသည် ရှန်ယွဲ့အား သူ့လိပ်စာကတ်ကို ပေးခဲ့သေးသည်။ ရှန်ယွဲ့က လိပ်စာကို ကတ်ကို ကြည့်ပင်မကြည့်ဘဲ အမှိုက်ပုံးထဲ ပစ်ထုတ်ခဲ့လိုက်သည်။ ထို့ကြောင့် သူမသည် နောက်ပိုင်းတွင် ဟန်လင်းကို သွားမရှာခဲ့တော့ပေ။

ဟန်လင်းသည် ရှန်ယွဲ့အား ဆက်သွယ်လို့မရနိုင်သည့်အတွက် သူက ရှန်ယွဲ့နှင့် စကားပြောနိုင်ရန် ကြားခံလူ ချန်းယန်ကိုသာ အားကိုးနိုင်လေတော့သည်။

" ဘာကိစ္စလဲ"

ရှန်ယွဲ့က ဖုန်းကို ယူလိုက်ပြီး စိတ်မရှည်လက်မရှည်ဖြင့် မေးလိုက်တော့သည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now