"ထွက်ပြေးချင်တာလား? အဲ့လောက် မလွယ်ဘူး!" ကုယွင်က သူ့နောက်ကို ပြေးလိုက်ခဲ့ပေမယ့် ကံမကောင်းစွာပဲ အဲဒီလူက ကွန်ဖူးအတတ်ပညာမှာ အရမ်းတော်လွန်းနေပြီး တဖြည်းဖြည်းနဲ့ သူမတို့နှစ်ယောက်ကြားက အကွာအဝေးက ပိုကျယ်လာခဲ့သည်။ အဲဒီလူက တောင်စောင်းတစ်ခုပေါ်တက်သွားပြီး ပြန်ခုန်ဆင်းသွားသည်။ ကုယွင်က သူ့နောက်ကို ပြေးလိုက်ခဲ့ပေမယ့် ကုန်းလျောရဲ့တစ်ဖက်ခြမ်းက အနည်းငယ်မက်စောက်နေခဲ့ပြီး ထိန်းဆင်းခဲ့ရတာကြောင့် သူမ ခြေကျင်းဝက်က မခံနိုင်လုနီးပါ ဖြစ်သွားမယ်လို့တော့ သူမ မထင်ခဲ့မိဘူး။ ထိုအခိုက်အတန့်လေးကြောင့် ထိုလူက ပျောက်ကွယ်သွားကာ အဝေးမှနေပြီး မောက်မာရိုင်းစိုင်းသော စကားတစ်ခွန်းကိုသာ ချန်ထားခဲ့သည်။ "မင်းတို့ သူ့ကို ကယ်ချင်ရင် စုလင်းကို တောထဲကို လူကိုယ်တိုင်လာခိုင်းလိုက်။ သူ မလာရဲရင် သုံးရက်အတွင်း အလောင်းကို ကောက်ဖို့ ကျီးကန်းတောင်ကြားကို လာခဲ့"

ကုယွင်က သူ့နောက်ကို ဆက်လိုက်ဖို့ ပြင်နေတုန်းမှာပဲ နာကျင်စွာ အော်ဟစ်သံတစ်ခုကို ရုတ်တရက် ကြားလိုက်ရသည်။

ကောကျင့်ယွင် ရဲ့ အသံ....

"သေစမ်း!" ကုယွင်က တိုးညှင်းသော အသံဖြင့် ကျိန်ဆဲလိုက်သည်။ ဤသူခိုးများ၏ ရည်ရွယ်ချက်မှာ စုလင်းကို လှည့်စားရန် ဟန်ရှုကို အသုံးပြုရန်ဖြစ်နေပြီး သူ့အသက်အန္တရာယ်ကို မထိခိုက်စေနိုင်ပေ။

ကုယွင်က အသံလာရာဆီသို့ ပြန်ပြေးသွားခဲ့သည်။

❤️❤️❤️Thank you so much for your lovely supports❤️❤️❤️

အခန်း ၉ ကောက်ကျစ်သော သူပုန်များ (အပိုင်း ၅)

ကုယွင်၏ ခြေသံများ တဖြည်းဖြည်း မှေးမှိန်သွားပြီး အဝေးရောက်သွားချိန်မှာတော့ ကျောက်ဆောင်တွေနောက်မှာ ပုန်းနေတဲ့လူက ကျယ်လောင်စွာ အသက်ရှုရဲလာပြီး သူနဲ့ နှစ်ပေါင်းများစွာ အတူရှိခဲ့တဲ့ ကြာပွတ်ရှည်ကြီးကို ကြည့်လိုက်ရာ နှစ်ပိုင်းပြတ်သွားသည်ကို တွေ့လိုက်ရသည်။ ထိုယောက်ျား၏မျက်လုံးထဲတွင် အေးစက်သောအရိပ်အယောင်တစ်ခုက လင်းလက်သွားသည်။ နောင်တွင် ထိုမိန်းခလေးက သူတို့အတွက် အခက်အခဲဖြစ်လာနိုင်သည်။

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now