Chap 7 Web Crawlers (1)

149 28 0
                                    

အခန်း ၇ Web Crawlers (1)

သူ့ခန္ဓာကိုယ်တွင် အပြုသဘောဆောင်သည့် ပြောင်းလဲမှုတစ်ချို့ ဖြစ်ပျက်သွားခဲ့သည်။

သူလုပ်ခဲ့သမျှက လျှို့ဝှက်ဆန်းကြယ်သော ဟင်းလင်းပြင်နေရာထဲ၌ အဆုံးမဲ့ ပတ်လမ်း ပရိုဂရမ်ကို ရေးဆွဲနေခဲ့ခြင်းသာ။

အကယ်၍ ဟော့ချင်းရှန်၏ အမတအဖြစ် ကျင့်ကြံခြင်း အယူအဆ ရှင်းလင်းချက်ကို ထည့်သွင်းစဥ်းစားကြည့်လျှင် ဤအဆုံးမဲ့ ပတ်လမ်း ပရိုဂရမ်သည် သူ၏ 'အခြေတည်အဆင့်' ကို စတင်လိုက်ခြင်းဖြစ်သည်။

သူသည် အခြေတည်အဆင့် စတင်ကျင့်ကြံနေပြီဖြစ်၏။ ဆယ်ရက်အကြာ အခြေတည်အဆင့် ပြီးမြောက်သွားပြီးနောက် သူ၏ခန္ဓာကိုယ်မှာ မည်သို့ဖြစ်လာမည်နည်း။

လင်းရွှင် သည် လေပြေအဝှေ့တွင် လှုပ်ခတ်သွားသော ရှန်းကျားပင်၏ထိပ်ဖျားကို ကြည့်ကာ နှုတ်ခမ်းထောင့်စွန်းတို့ ကွေးတက်သွားသည်။

သူ့အခန်းထဲမှ ထွက်လာခဲ့လိုက်သည်။

ဝမ်အန်းချွမ် နှင့် ကျောက်ကျာ့ကုံ့တို့သည် နေ့လည်စာစားပြီးနောက် ဂိမ်းဆော့ရင်အနားယူနေကြသည်။

သူထွက်လာတာကိုမြင်သည့်အခါ လူနှစ်ယောက်က နှုတ်ဆက်လာသည်။

လင်းရွှင်သည် ဆိုဖာပေါ်တွင်ထိုင်ကာ အအေးတစ်ငုံ ကောက်သောက်လိုက်ပြီး ပိုက်ကိုကိုက်ထားသည်။

ထို့နောက် သူက ပြောလာသည် "ငါ မင်းတို့ကို ပြောစရာရှိတယ်"

သူ့လေသံက လေးနက်လွန်းနေသောကြောင့်ဖြစ်နိုင်သည်။ ဝမ်အန်းချွမ် နှင့် ကျောက်ကျာ့ကုံ့ နှစ်ယောက်စလုံး ဂိမ်းကိုပိတ်လိုက်ပြီး နားထောင်ရန် မော့ကြည့်လာကြသည်။

လင်းရွှင်က အဖြစ်အပျက်ကို ပြောပြလိုက်သည်။

နှစ်ယောက်သားမှာ အချိန်အကြာကြီး တိတ်ဆိတ်သွားကြသည်။ နောက်ဆုံးတွင် ဝမ်အန်းချွမ်က "ဒါကြီးက မင်းထင်ယောင်ထင်မှားဖြစ်တာမျိုးမဟုတ်တာ သေချာရဲ့လား? ငါတော့ မင်း စိတ်ရောဂါကုဌာနကို ဆက်ပြကြည့်ဖို့ အကြံပေးချင်တော့တာပဲ။"

ကျောက်ကျာ့ကုံ့ ကလည်း "ဦးနှောက်ရှိတဲ့သူတိုင်း မင်းပြောတာကို ယုံမှာမဟုတ်ဘူး ငါ 120 (ဆေးရုံကို) ဖုန်းခေါ်ရမယ်။"

C Language Cultivation (Mm translation)Nơi câu chuyện tồn tại. Hãy khám phá bây giờ