အခန်း (၃) အဆုံးမဲ့ ကွင်းဆက် (၃)
လင်းရွှင် ဝမ်အန်းချွမ်နှင့် ကျောက်ကျာ့ကုံ့ တို့ကို ဤအခြေအနေအား ပြောပြလိုက်သည်။
ကျောက်ကျာ့ကုံ့ စိတ်ရှုပ်ထွေးသွားပြီး- " Turbo C ရဲ့ ကြားခံစနစ်က ငါတို့ ခေါင်းပေါ်မှာ ရှိနေတာပေါ့? Turbo C ကလေ? ဒီရှေးဟောင်းပစ္စည်းကြီးကလေ??"
ဝမ်အန်းချွမ်မှာ ပို၍ပင်စိတ်ရှုပ်ထွေးနေသည်- "ငါ့မေးခွန်းက အဲဒီရှေးဟောင်းပစ္စည်းဟုတ်ဟုတ် မဟုတ်ဟုတ် မင်းက ဘာလို့ ဒီလိုထင်ယောင်ထင်မှားမျိုးဖြစ်နေရတာလဲ"
ထို့နောက် သူ့ခေါင်းပေါ်သို့မော့ကြည့်ကာ "ဘာမှမရှိပါဘူး"
လင်းရွှင် ကြားခံစနစ်ကို စိုက်ကြည့်လိုက်ပြီး - "အဲဒါက လုံးဝကို ကြည်လင်ပြတ်သားနေတဲ့Turbo C ကြီးကွ "
"အားလော့ ငါဘယ်ဌာနကိုသွားရမလဲ" ဟု မေးလိုက်သည်။
အားလော့ က "စိတ်ရောဂါကုဌာနမှာ မင်းအတွက် စာရင်းသွင်းပေးပြီးပြီ။"
ဝမ်အန်းချွမ် ရယ်လိုက်ပြီး "အယ်လ်ဂိုရီသမ်လင်းရဲ့ စိတ်ရောဂါကုဌာနသို့ နေ့တစ်ရက်ခရီးပေါ့ကွာ"
ကျောက်ကျာ့ကုံ့က သိပ္ပံနှင့် ပညာရေးချန်နယ်၏ သတင်းကြေငြာသူကဲ့သို့ အလေးအနက် အသံ တုပလိုက်ပြီး "နတ်ဘုရားရွှင်ကတော့ ဖျားနာရင်တောင် တခြားသူတွေနဲ့ ဖျားပုံဖျားနည်း ကွဲပြားသေးတာ"
ဂျက်တာလေးသည် အနီးဆုံးဆေးရုံသို့ မောင်းသွားခဲ့သည်။
ကုဒ်အင်္ကျီဖြူဝတ်ဆင်ထားသည့် လူလတ်ပိုင်းဆရာဝန်တစ်ဦးသည် တိုင်ပင်ဆွေးနွေးခန်းတွင် ထိုင်နေကာ ငြင်ငြင်သာသာမေးလာသည်။ "ဘာများဖြစ်လာလို့လဲ"
လင်းရွှင် : "ကျွန်တော် ထင်ယောင်ထင်မှားတွေ ဖြစ်နေတယ်။"
ထို့နောက် ဆရာဝန်က မျက်မှောင်ကြုတ်ကာ သူ့ကိုကြည့်ပြီး "မင်းအသက်ဘယ်လောက်ရှိပြီလဲ? နှစ်ဆယ်?"
လင်းရွှင် : "နှစ်ဆယ့်လေး"
"မင်းက အရမ်းငယ်သေးသလို လူငယ်ဆန်တဲ့ပုံစံလည်းပေါ်ပါတယ်" အချက်အလက်မှတ်တမ်းတင်ရန် ကီးဘုတ်ပေါ်တွင် စာရိုက်နေစဉ် ဆရာဝန်က "အခုရော ဘာအလုပ်လုပ်လဲ? ကျောင်းတက်နေဆဲလား?"
ВИ ЧИТАЄТЕ
C Language Cultivation (Mm translation)
Наукова фантастикаTitle : C Language Cultivation | C语言修仙 Author : Yi Shi Si Zhou | 一十四洲 Chapter : 142 + 3 Extra Artist-san: 咖啡依赖症的叉 :https://x.com/Arashy_123