Chap 5 အဆုံးမဲ့ ကွင်းဆက် (၅)

126 24 0
                                    

အခန်း (၅) အဆုံးမဲ့ ကွင်းဆက် (၅)

"သွေးထွက်အောင်ကို မှန်ပါတယ် အဘိုးဟော့" ဝမ်အန်းချွမ်က အိမ်ရှင်ဟော့ ကို ပြောလိုက်သည်။

လင်းရွှင် : "?"

ဝမ်အန်းချွမ် အသံတိတ်သွားသည်နှင့် ‌ကျောက်ကျာ့ကုံ့က ပါးစပ်ဟလာပြီး " လင်းရွှင်ရဲ့ အယ်လဂိုရီသမ် ပါရမီက အတော်လေးမြင့်မားပြီး သူ့ရဲ့ ဝိညာဉ်ရေး အမြစ်ကလည်း သေချာပေါက်ကို တစ်ဖက်ကမ်းခပ်စွမ်းရည်ပဲပေါ့ဗျာ"

သူ၏ တရုတ်စာအဆင့်မှာ အမှန်တကယ်ပင် ကောင်းမွန်လှပြီး "တစ်ဖက်ကမ်းခပ်ထူးချွန်သော ဝိညာဉ်ရေးအမြစ်" ဆိုသည့် အဓိပ္ပါယ်ကိုပင် နားလည်နေသည်။

ကျောက်ကျာ့ကုံ့ စကားဆုံးသွားပြီးနောက် ဝမ်အန်းချွမ်က ဆက်ပြောလာသည် "သူ့ခန္ဓာကိုယ်ထဲမှာ ချီစွမ်းအင်တောင် ရှိသေးတယ်၊ ဘာလို့ဆို လတ်တလောကမှ ခြင်္သေ့များကို ဒေါသထွက်ထားရလို့လေ*" 

(*Qi=气; တရုတ်လို '生气' က 'ချိ' နဲ့ ချီစွမ်းအင်ရဲ့ 'ချီ' သံတူစာလုံးကွဲဖြစ်လို့ ဝမ်အန်းချွမ်က အစားထိုးပြောလိုက်တာပါ။)

သူတို့နှစ်ဦးမှာ လူရွှင်တော်များပြက်လုံးထုတ်နေကြသကဲ့သို့ အပေါက်အလမ်းတည့်နေ ကြသည်။ သို့သော် အိမ်ရှင်ဟော့၏ ဆိုလိုရင်းမှာ ထိုသို့မဟုတ်ကြောင်း လင်းရွှင်သိသည်။

ဤသည်မှာ အိမ်ရှင်ဟော့တွင်ရှိနေသော Crawler ပရိုဂရမ်နှင့် ဆက်စပ်နေခြင်း ဖြစ်ရမည်။ လူအိုကြီး၌ ထိုသို့ အသက်ဝင်နေဆဲ ပရိုဂရမ်တစ်ခုရှိနေသည်ဆိုပါက သူသည် သာမန်လူအိုတစ်ဦးတော့ ‌သေချာပေါက်မဖြစ်နိုင်ချေ။

အိမ်ရှင်ဟော့၏ မုတ်ဆိတ်မွေးများမှာ ထိုးထိုးထောင်ထောင်ဖြစ်လုနီးပါး မျက်လုံးတို့မှာလည်း အကြည့်များ စူးရှပြင်းထန်လျက် ဝမ်အန်းချွမ်နှင့် ကျောက်ကျာ့ကုံ့ တို့ကို စိုက်ကြည့်လိုက်သည်- "တုံးတုံးအအလေးတွေ! အဓိပ္ပာယ်မရှိလိုက်တာ!"

ထို့နောက် သူသည် လင်းရွှင်အား လက်ဝှေ့ယမ်းပြကာ လေသံပျော့ဖြင့် "ရှောင်လင် ဒီကိုလာခဲ့"

လင်းရွှင် အဖိုးအို၏ ရှေ့သို့ လျှောက်သွားလိုက်သည်။

အိမ်ပိုင်ရှင်ဟော့ က လက်နောက်ပြန်ထားလျက် လင်းရွှင် ကို ခေါင်းအစခြေအဆုံး ဂရုတစိုက် ကြည့်ကာ မုတ်ဆိတ်မွေးကိုပွတ်သပ်လိုက်ပြီး "မင်းက ရာစုနှစ်တစ်ခုအတွင်းမှာ အင်မတန်တွေ့ရခဲတဲ့ ပါရမီရှင်တစ်ယောက်ပဲ..."

C Language Cultivation (Mm translation)Tahanan ng mga kuwento. Tumuklas ngayon