Chap 1 အဆုံးမဲ့ကွင်းဆက်(၁) (Unicode)

490 48 8
                                    

အခန်း(၁) အဆုံးမဲ့ ကွင်းဆက် (၁)

ပြိုးပြိုးပြက်ပြက်ပြနေသော နေရောင်ခြည်သည် ခန်းစီးကန့်လန့်ကာများကြားမှ ဖြတ်ကျော်ဝင်ရောက်လာကာ အချိန်အတော်ကြာသည့်နောက် မိုးသောက်ချိန်သို့ရောက်လာခဲ့သည်။

လင်းရွှင် နာရီကိုကြည့်လိုက်တော့ မနက်ကိုးနာရီ။

ညလုံးပေါက် ကုဒ်ရိုက်ပြီးနောက် အိပ်ရာဝင်ဖို့ အချိန်ကျချေ ပြီ။

သူ compiler* မှ ထွက်လိုက်ပြီး တစ်ချိန်တည်းမှာပင် ကွန်ပြူတာမျက်နှာပြင်၏ ညာဘက်ထိပ်ဆုံး၌ သတင်းတစ်ခုတက်လာသည်။

လင်းရွှင်သည် သတင်းများကို ဖတ်ရှုခဲသော်လည်း ဤသတင်းမှာ ကွဲပြားခြားနားပြီး အကြောင်းအရာထဲမှသော့ချက်တစ်ခုက သူ့ကိုအာရုံစိုက်မိသွားစေသည်။

သတင်းခေါင်းစီးမှာ "နဂါးငွေ့တန်း အဖွဲ့အစည်းသည် ခြင်္သေ့များကုမ္ပဏီအတွက် ယွမ် သန်း၃၀ ရင်းနှီးမြှုပ်နှံခဲ့သည်။" ကလစ်နှိပ်လိုက်ပြီးနောက် သတင်းအကြောင်းအရာသည် ခေါင်းစဉ်နှင့် ကိုက်ညီနေသည်။ ခြင်္သေ့များသည် ယွမ်ငွေ သန်း ၃၀ ရင်းနှီးမြှုပ်နှံမှုကို လက်ခံရရှိပြီးနောက် ၎င်း၏မူလတည်ထောင်သူသည် နဂါးငွေ့တန်း၏ စီအီးအို နှင့် တွေ့ဆုံကာ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်များအကြောင်း ဆွေးနွေးရင်း လူလုပ်အာရုံကြောကွန်ရက်အင်ဂျင်*ကို အခြေခံပြီး ကမ္ဘာကြီး၌ပေါ်ပေါက်လာမည့် မဟာတော်လှန်ရေးကြီးကို မျှော်လင့်စောင့်စားလျက်ရှိကြသည်။

လင်းရွှင်သည် မျက်နှာသေဖြင့် "ပိတ်မည်" ကိုနှိပ်လိုက်သည်။

ခြင်္သေ့များမှာ  မကြာသေးမီနှစ်များအတွင်း ကြီးပွါးတိုးတက်လာခြင်းဖြစ်ပြီး အာရုံကြောကွန်ရက်*များကို ထွင်လုံးအဖြစ် အသုံးပြုကာ  တီထွင်ဖန်တီးမှုဆိုင်ရာ ပြပွဲတစ်ခုတွင် ဂယက်ရိုက်သွားစေခဲ့သည်။ လင်းရွှင် သည် ခြင်္သေ့များ၏ တည်ထောင်သူအား သိထားပြီး သူတို့နှစ်ဦးမှာ ကျောင်းတက်နေစဉ်အတွင်း အချင်းချင်းလည်း အဆက်အဆံရှိခဲ့ဖူးသည်။ လင်းရွှင် ဘွဲ့ရပြီးနောက် ထိုလူက သူ့ကို ခြင်္သေ့များ နှင့် လက်တွဲရန် ဖိတ်ခေါ်ခဲ့သော်လည်း လင်းရွှင်သည် ခြင်္သေ့များကို မကြိုက်သဖြင့် ငြင်းဆိုခဲ့သည်။

C Language Cultivation (Mm translation)Onde histórias criam vida. Descubra agora