Chap 6 အဆုံးမဲ့ ကွင်းဆက် (၆)၊

139 25 4
                                    

အခန်း (၆) အဆုံးမဲ့ ကွင်းဆက် (၆)၊

လင်းရွှင်၏ သင်ယူရခြင်းရည်ရွယ်ချက်ကို သိရှိပြီးနောက် ကျားကုံ့ က ရယ်လိုက်ပြီး "မင်းကိုယ်မင်းရှက်သင့်တယ်"

လင်းရွှင် "ရှက်တာက ငါ့ကို ဒီစာအုပ်ကို နားလည်စေနိုင်မှာမဟုတ်ဘူး မင်း ငါ့အကြောင်းလည်း ကောင်းကောင်းသိသားပဲ အဲဒီတော့ မင်းရော ဒါတွေနားလည်လား"

ကျောက်ကျာ့ကုံ့ သည် လင်းရွှင်၏ဘေးတွင်ထိုင်လိုက်ပြီး စာအုပ်ကိုယူကာ စာမျက်နှာအနည်းငယ်လှန်လိုက်ပြီး ခဏအကြာတွင် သူ၏ကိုယ်ဟန်အနေအထားကိုပြောင်းကာ မတ်မတ်ထိုင်လိုက်သည်။

သူကပြောလာသည် "အယ်လ်ဂိုရီသမ်လင်းရေ မင်းက လော့ရှန်းရဲ့ ပရိုဂရမ်ကို ရေးဆွဲနိုင်တယ်ဆိုရင်တောင် မင်းကို နတ်ဘုရားရွှင်လို့ ခေါ်ရလောက်တယ်ဆိုရင်တောင် ဘာလုပ်ရမှာလဲ? မင်းအတွက် ဒီစာအုပ်ကို နားလည်ဖို့ မဖြစ်နိုင်ပေမယ့် ငါတော့ နားလည်နိုင်တယ်။ တရုတ်လိုဆိုရိုးစကားတစ်ခုရှိတယ်လေ 'ပေတံက တိုတိုလေးဆိုရင်တောင် လက်မတိုင်းက အားသာချက်ရှိတယ်' တဲ့..."

ထိုသို့ပြောပြီးနောက် အလျင်အမြန်ပင် ပြန်ပြောင်းပြောလာသည် "မဟုတ်သေးဘူး ငါဒီလိုပြောလို့မရဘူး အဲဒါက ငါ့ကိုယ်ငါ ကျိန်ဆဲနေတာချည်း ငါက လက်မ*မဟုတ်ဘူး"

(*လက်မ=寸(Cùn) တရုတ်ဗန်းစကားမှာ 你寸 ဆို ဆဲတဲ့အသုံးအနှုန်းမျိုးသက်ရောက်ပါတယ်တဲ့ ကျာ့ကုံ့က သူ့ကိုယ်သူ တိုတိုလေးလို့ပြောလိုက်သလိုမျိုးပေါ့ :3)

လင်းရွှင် : "ငါ အခုတော့ မင်းရဲ့ တရုတ်စာအဆင့်ကို သံသယဖြစ်နေမိပြီ။"

ကျောက်ကျာ့ကုံ့ က သူ့ကိုကြည့်ပြီး "မင်း ဒေါသဆွပေးတာ အရမ်းအောင်မြင်တယ်"

သူ စာအုပ်ကိုပိတ်လိုက်ပြီး လင်းရွှင်ကို ပြောလာသည် "ငါ အချိန် လေးနာရီလိုတယ်"

ထို့နောက် စာအုပ်ကိုယူသွားကာ လက်တော့ပ်ကိုဖွင့်လိုက်သည်။

ဝမ်အန်းချွမ်က အနားသို့ရောက်လာပြီး ရက်ပေါင်းတစ်ထောင်အတွင်း အခြေတည်အဆင့် တည်ဆောက်ခြင်း ကို ကောက်ယူလိုက်ကာ စာမျက်နှာအနည်းငယ်လှန်ကြည့်ပြီးနောက် ကျောက်ကျာ့ကုံ့ထံ သံသယအကြည့်များ ပစ်လွှတ်လိုက်ပြီး "မင်းလုပ်နိုင်ပါ့မလား"

C Language Cultivation (Mm translation)Where stories live. Discover now