----------&++

"ရှောင် ဘာလို့ ဆရာဝင်နားနေခန်းလည်း "

"အားလုံးထွက်သွားကြစမ်း!!"

ချင်အာ ထင်ထားတာက ရှောင်က သူ့ကိုခိုင်းထားတဲ့ ကိစ္စဆီသွားကြည့်မယ်ထင်ထားပေမဲ့ တကယ်တမ်းဝင်လာတာက ဆရာဝင်နားနေဆောင်။

ပေါ်လေး ရဲ့အချေနေမေးချင်လို့လားဒါလည်းမဟုတ်လောက်ပါဘူး။ အားလုံးကိုရှောင်ကသိပြီးလောက်ပြီပဲကို။

သူမ သေချာအောင်မေးကြည့်လိုက်တော့။ သူမ အမေးကိုပြန်မဖြေပဲ မော့ကြည့်နေတဲ့ ဆရာဝင် အချို့ကိုပဲ ထွက်သွားခိုင်းနေတဲ့ရှောင်။ ရှောင်ရဲ့ စကားသံကိုကြားသည်နှင့်ဆရာဝန်များသည် သာရဲတစ်ကောင်၏အသံကိုကြားလိုက်ရသည့်နှယ် ကြောက်လန့်တကြားထွက်သွားကြလေသည်။ ထိုအချင်းအရာကပင် ရှောင်သည် မည်မျှဩဇာကြီးကြောင်းပေါ်လွင်နေလေသည်။

"အာ့ ရှောင်"

ဆရာဝန်းများထွက်သွားကာ အခန်းတွင်းမည်သူမျှမရှိတော့သည့်အချိန် ချင်အာ သူမရဲ့ ပခုံး နှစ်ဖက်ကနေကြမ်းတမ်းစွာဆွဲခံလိုက်ရသည့်အတွက်လန့်ဖြန့်သွားလေသည်။

"ဘာလို့ အဲ့လိုလုပ်တာလည်း ဟမ် ချင်အာ"

"......"

"နင့်လုပ်ရပ်ကြောင့် ကလေး တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလည်း"

"ရှောင် ငါပြောတာနားထောင် အေးအေးဆေးဆေးပြောကြမယ်"

"ဘာ!!! အေးအေးဆေးဆေး ဟလား။ သူတစ်ခုခု ဖြစ်သွားရင် နင်က ငါ့ညီမဆိုရင်တောင် ငါ မသက်နိုင်ဘူးထင်လို့လားဟမ်

ရှောင် ချင်ရန်!! "

"အဟက် ရှောင် နင်က ငါ့ကိုသတ်မလို့ လား ဟုတ်လား ရှောင်။ လုပ်လိုက်လေ သတ်လိုက် ။ သတ်လိုက်စမ်းပါ နင်သတ်မယ်ဆိုငါကပြုံးပြုံးကြီးသေရဲပါတယ်ဟ။ ငါက နင့်ညီမပါ နင့်သွေး အပြည့်ပါပဲ "

"ဒုန်း!!"

"အာ့!!"

ချင်ရန် သူမလည်ပင်ကို မော့၍ သတ်ဆိုသည့် အမူအရာ သူမ အကိုအားလုပ်ပြလိုက်တော့ သူမပခုံးကို ကြမ်းတမ်းစွာ ဆွဲ ထားသောလက်တို့သည် အားဖြင့် သူမအားစောင့် တွန်းခြင်းခံလိုက်ရလေသည်။ သူမရဲ့ခန္ဓာကိုယ်သည် အားပြင်းလှသော စောင့်တွန်းချက်ကြောင့်ဟန်ချက်ပျက်ကာ မထိန်းလိုက်နိုင်ပဲ အနီးရှိဆရာဝန်၏စာရေးစာပွဲ‌နှင့် သူမ၏ခါးတို့မိတ်ဆက်သွားလေသည်။

Mafia ရဲ့အချစ်တော်လေး [Mafia ရဲ့အချစ်တော်လေး] Tahanan ng mga kuwento. Tumuklas ngayon