55 - Ghost School (9)

Comenzar desde el principio
                                    

သို့သော် ချန်ကျစ်ချူးသည် ထိုစိတ်ရိုင်းများကို အမြန်ထိန်းချုပ်ရင်း မေးခွန်းကို ပြန်လည်အာရုံစိုက်လိုက်သည်။

သူမှလွဲ၍ တခြားလူအားလုံး ပုံမှန်အတိုင်းပင်။ ထို့ကြောင့် သူတစ်ဦးတည်းသာ အတိတ်ကို မြင်ခဲ့ရပြီး စက္ကန့်ပိုင်းမျှသာ ကြာမြင့်လိုက်ကြောင်း နားလည်သွားသည်။ အိပ်မက်တစ်ခုသဖွယ် ခံစားနေရသော်ငြား အမှန်တကယ် ဖြစ်ခဲ့သည်ဆိုသည်မှာ ရက်စက်လွန်းလှသည့် အမှန်တရားတစ်ခုပင် ဖြစ်သည်။

“ဓာတ်ပုံကို ဘယ်သူရိုက်ခဲ့တာလဲ သိလား..?” ဆရာမက မျက်နှာသေဖြင့် ခံစားချက်မဲ့စွာ မေးလာသည်။

“…….. သိတယ်..” ချန်ကျစ်ချူးက ခြောက်ကပ်ကပ် ပြန်ဖြေသည်။ “ဆုလင်းပါ..”

[ ဓာတ်ပုံရိုက်သူက ‘ဆုလင်း’လို့ သင် ကောက်ချက်ချလိုက်တယ်။ ]

[ အဖြေမှန်ပါတယ်။ ]

[ အပိုဆောင်းတာဝန် ‘ဓာတ်ပုံရိုက်သူကို ရှာဖွေပါ’ ကို ပြီးမြောက်ပါပြီ။ ]

[ ဆုလာဘ် : Survival Points x 1000 ]

ဆရာမက ခေါင်းညိတ်ပြပြီး သူ့ကို စက္ကန့်အနည်းငယ်ကြာ စိုက်ကြည့်နေသည်။ ပြီးနောက်.. : “ပြန်ထိုင်လို့ရပြီ..”

ချန်ကျစ်ချူးလည်း အသာပြန်ထိုင်လိုက်သည်။ သို့သော် အသံတိတ်နေပြီး စကားတစ်ခွန်းမျှ မပြောချေ။ သူ့ကိုမေးသည့် မေးခွန်းနှစ်ခုလုံး ရိုးရှင်းလွယ်ကူသဖြင့် ဒုတိယတန်းမှ ဇာတ်ကောင်အားလုံး သူ့ကို စိတ်ရှုပ်ထွေးစွာ လှည့်ကြည့်လာသည်။ သူတို့၏စိတ်ထဲ မနာလိုအားကျနေပြီး သူတို့အလှည့် ရောက်လာမှာကို ကြောက်ရွံ့နေတော့သည်။

ဆရာမသရဲ၏ မျက်လုံးအိမ်က ပစ်မှတ်ရှာနေသလို တစ်ပတ်လည်သွားသဖြင့် ချွီယန်နှင့် ဇာတ်ကောင်အားလုံး နေမထိထိုင်မသာ ဖြစ်လာသည်။ မျက်လုံးချင်းဆုံလျှင် နာမည်ခေါ်မည်စိုး၍ အသည်းအသန် ခေါင်းငုံ့ထားပြီး သရဲမကို မော့မကြည့်ရဲကြပေ။

“ကျောင်းသူလုကျဲ.. ဆရာမရဲ့မေးခွန်းကို ဖြေပေးပါ..”

“ဒုတ်…”

လုကျဲက ကြောက်လန့်တကြား မတ်တပ်ရပ်လိုက်သဖြင့် ထိုင်ခုံပင် လဲကျသွားသည်။ ‘ချန်ကျစ်ချူး’၏ ဓာတ်ပုံကို မြင်လိုက်ရကတည်းက မျက်နှာဖြူဖျော့သွားပြီး တစ်ကိုယ်လုံး တုန်ယင်နေခြင်းပင်။ ခေါင်းငုံ့ကာ သူမ၏မျက်နှာကို လက်ဖြင့်အုပ်ပြီး တအင့်အင့်ရှိုက်ငိုနေသည်။

အသက်ရှင်နိုင်ဖို့အရေး အနမ်းတွေကို မှီခိုနေရဦးမယ်!Donde viven las historias. Descúbrelo ahora