နောက်ဆုံးတော့ တော်ဝင်နန်းတွင်းမှ ရွှေတသန်းကို သူခိုးများက ခိုးယူသွားကြောင်း ထွက်ပေါ်လာပြီး ယန်းဟုန်ထျန်းက ဒေါသထွက်သွားကာ ပြန်လည်ရှာဖွေရန် အမိန့်တော် ချမှတ်လိုက်တာကြောင့် စုယွိကို ပေါက်ကွဲစေသော အကြောင်းအရာ ဖြစ်လာခဲ့သည်။

ကုယွင်က သစ်သားကုလားထိုင်ကို မှီထိုင်နေပြီး စုယွိက သူ့ရှေ့မှ တော်ဝင်အမိန့်တော်ကို စိုက်ကြည့်နေကာ ဒေါသတကြီးဖြင့် "ကောင်းချီးမင်္ဂလာပွဲမပြီးခင် ရွှေတွေ အကုန်ပြန်ယူရမှာလား?! အခု အခမ်းအနားစဖို့ နှစ်လပဲ လိုတော့တယ်၊ မြို့တော်ကနေ အနောက်မြောက်ဘက်ကို အပြန်ပြန် အလှန်လှန် သွားဖို့ ရက်၂၀ ကျော်ကြာမယ်၊ ဘုရင်မင်းမြတ်က ငါတို့ကို အနောက်မြောက်က ပုန်ကန်သူတွေကို တစ်လအတွင်း ကိုင်တွယ်စေချင်နေတာလား၊ ဒါက မဖြစ်နိုင်ဘူး"

စုယွိ၏စိတ်တိုဒေါသထွက်မှုနှင့် နှိုင်းယှဉ်လျှင် စုရန်က များစွာ ငြိမ်သက်နေသည်။ "အချိန်က သိပ်မတင်းကျပ်ဘူးဆိုရင် ဧကရာဇ်က စုမိသားစုရဲ့စစ်တပ်ကို အသုံးပြုမှာ မဟုတ်ဘူး" သူခိုးများက ဘဏ္ဍာတိုက်မှ ရွှေများကို အနောက်မြောက်ဘက်သို့ ပို့ဆောင်ကာ အမှန်တကယ် အသုံးပြုခဲ့ကြသည်။ သူတို့က ဘဏ္ဍာတိုက်မှ ရွှေများကို အာဏာကိုချဲ့ထွင်ရန်အတွက် လက်နက်ဝယ်ယူခြင်းအထိ ပြုလုပ်ခဲ့တာကြောင့် ဧကရာဇ်က စိတ်ဆိုးနေသည်မှာ အံ့သြစရာ မဟုတ်ပေ။

စုယွိက သူ့လက်ထဲမှ တော်ဝင်အမိန့်တော်ကို ဘရိုကိတ်သေတ္တာထဲကို ပြန်ထည့်လိုက်ပြီး "တာ့ကောက သောက်ဖို့ ထွက်သွားတာ။ ဘာမှမဖြစ်ရင် သုံးလကနေ ငါးလအတွင်း ပြန်လာလေ့မရှိဘူး"

ဓားပြတွေကို နှိမ်နှင်းတဲ့ ကိစ္စသေးသေးလေးမှာတောင် အစ်ကိုအကြီးဆုံးကို သွားခိုင်းဖို့ လိုတယ်လား??? ဧကရာဇ်က ဘာတွေ တွေးနေတာလဲ??

တော်ဝင်အမိန့်စာတွင် စုလင်းကို စစ်သူကြီးအဖြစ် ခန့်အပ်သည်ဟု ဖော်ပြထားပြီး သူကိုယ်တိုင် မသွားလျှင် အာဏာဖီဆန်မှု ဖြစ်သွားပေလိမ့်မည်။

စုရန်က ခနလောက် စဥ်းစားနေပြီးမှ "ကိစ္စမရှိပါဘူး၊ မနက်ဖြန်ကျရင် အနောက်မြောက်ဘက်ကို ထိပ်တန်းစစ်သည် ၃သောင်း ပို့ဆောင်လိုက်မယ်။ ငါ့တို့တာ့ကောကို အနောက်မြောက်ကို တိုက်ရိုက်လာပြီး ဖေးချန်မှာ တွေ့ဆုံဖို့ သတင်းပို့ခိုင်းလိုက်မယ်။ အဲ့တာဆိုရင် တော်ဝင်အမိန့်တော်ကို ချိုးဖောက်တယ်လို့ မယူဆနိုင်တော့ဘူး"

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now