"ခုနစ်ရက်နေရင် သူ(မ)ကို လာပို့ပေးမယ်" သူမကို ကုသနိုင်သရွေ့ အဆင်ပြေတယ်။

ထိုစကားကို ပြောပြီးနောက် စုယွိက ကျွော့ချင်း၏ နံဘေးမှ ဖြတ်ထွက်ကာ အိမ်ခန်းဆီသို့ ဝင်သွားပြီး ခဏအကြာတွင် စစ်သည်လေးယောက်က ကုယွင်ကို ပြန်သယ်သွားကြသည်။

  အလင်းဝင်နိုင်သော ကန့်လန့််ကာ ပိတ်စပါးပါးကို ဖြတ်ပြီး လူနှစ်ယောက်၏ မျက်လုံးများ ဆုံသွားကာ ဂရုတစိုက် အမူအရာကို ထုတ်ဖော်ပြသပြီးနောက် အကြည့်လွှဲသွားကြသည်။

ချင်းကို တွေ့လိုက်ရပြီးနောက် ကုယွင်၏စိတ်နှလုံးက အေးချမ်းသွားခဲ့သည်။ သူမနှင့် ချင်း၏တွေ့ဆုံမှုက တိုတိုတုတ်တုတ်သာဖြစ်ပြီး လတ်တလော အခြေအနေအကြောင်းများကို အချင်းချင်းပြောဆိုရန်သာ အချိန်ရှိခဲ့သည်။ ချင်းက စစ်သူကြီးအိမ်တော်မှ ဒုတိယအဖွဲမှူးအသတ်ခံရမှုအမှုကို စုံစမ်းစစ်ဆေးရန် သူမကို အကူအညီတောင်းခဲ့သည်။ သူမက မူလက ထိုကိစ္စကို သာမန်ကိစ္စဟုသာ ထင်မှတ်ခဲ့သည်။

လွန်ခဲ့သည့် သုံးနှစ်ခန့်က တိုင်ပြည်၏ဘဏ္ဍာတိုက်မှ ခိုးယူခံရပြီး ရွှေအချောင်းပေါင်း တစ်သန်း ညတွင်းချင်း ပျောက်ကွယ်သွားကြောင်း စုံစမ်းသိရှိရသည်။ ထိုနောက် အခွန်ဝန်ကြီးက ရွှေများကို တိုင်တပါးမှ သူခိုးများနှင့် ပူးပေါင်းကာ လျှို့ဝှက်ဥမင်လှိုဏ်ခေါင်းအတွင်းမှ ခိုးထုတ်သွားကြောင်း တွေ့ရှိခဲ့ရသည်။ တရားရေးဌာနက အနယ်နယ်အရပ်ရပ်သို့ လိုက်လံဖမ်းဆီးရန် တပ်ဖွဲ့များ စေလွှတ်ခဲ့သော်လည်း ဘာမှ မတွေ့ရှိရသဖြင့် နောက်ဆုံးတွင် လွှတ်ထားရန်က လွဲပြီး ရွေးချယ်စရာ မရှိခဲ့ပေ။ လူသတ်မှုကျူးလွန်ခံရသူက ထိုအချိန်က တရားရေးဌာန၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ ထိုစဥ်က လက်ထောက် ဝန်ကြီးက အနောက်မြောက်ဘက်မှ သူခိုးများကို ဂူ၏မြေအောက်မြစ်အတွင်း ရွှေများဝှက်ထားနိုင်ရန် ကူညီပေးခဲ့ပြီး ထိုမှတဆင့် သူခိုးများက ရွှေများကို သယ်ဆောင်သွားခဲ့ကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။

(T/N: ဒီအခန်းမှာပါတဲ့ ရွှေအမူက မြန်မြန်ဆန်ဆန်ကိုပဲ ကျော်ချသွားပါတယ်၊ ကိုယ်အထင်တော့ ချင်းလုလောင်ရှီးက စာဖတ်သူတွေ ပျင်းနေမှာ ဆိုးလို့ ကျော်ပလိုက်တယ် ထင်တာပါပဲ၊ Book 1 မှာတော့ အသေးစိတ်ပါ ပါတယ်၊ မဖတ်ရသေးတဲ့ သူတွေကတော့ BOOK 1လေး သွားဖတ်လို့ရတယ်နော်၊ အဲ့မှာ အပိုင်းတော်တော်များနေပြီ)

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now