သမားတော်က အထိတ်တလန့်ဖြင့် အမြန်ပြန်ဆုတ်ခွာသွားခဲ့ရသည်။ သူက စစ်သူကြီးအိမ်တော်မှ မည်သူ့ကိုမှ စော်ကားရန် တက်နိုင်သူ မဟုတ်ပေ။

တစ်ခန်းလုံး ပြန်လည်တိတ်ဆိတ်သွားပြီး စုယွိက ကုတင်ဆီသို့ လျှောက်လာကာ အပြင်ဘက်မှ နေရောင်က ပြတင်းပေါက်စက္ကူမှတဆင့် ကျဆင်းပြီး လင်းလက်နေသော သူမမျက်နှာကို ငုံကြည့်လိုက်သည်။ သူမမျက်လုံးအောက်မှ မျက်တောင်ရှည်ရှည်လေးများက စင်းကျနေပြီး အိပ်ပျော်နေပုံရကာ အလွန်ချစ်စရာကောင်းသော အသွင်အပြင်ကို ပေးစွမ်းနေသည်။ သို့သော် ထိုအရာက စုယွိကို နှစ်သိမ့်မှုတစ်စုံတရာ မပေးနိုင်ဘဲ စိတ်မသက်မသာ ခံစားရစေသည်။ သူ၏နှလုံးသားထဲမှ နာကျင်ခြင်းကြောင့်လား ဒေါသဖြစ်ခြင်းကြောင့်လား မသိနိုင်ပေမယ့် သူက ကုတင်ဘောင်ကို ပြင်းပြင်းထန်ထန် ထိုးနှက်လိုက်ရာ ကုတင်က ပြင်းပြင်းထန်ထန် လှုပ်ခါသွားတာကို ကုယွင်တောင်မှ ခံစားလိုက်ရသည်။

ဒီကလေးက ဘာလုပ်ချင်နေတာလဲ??!

"ငါ နေမကောင်းဖြစ်တဲ့ အချိန်ရောက်လာရင် နင် ငါ့အတွက် သမားတော်ရှာပေးလို့ ရတယ်။ သူတို့ မကုသပေးနိုင်ရင်တော့ ငါ အသက်ရှင်ဖို့ ငါ့ကျဲကျဲကို ရှာဖို့ ဝန်ကြီးချုပ်အိမ်တော်ကို ခေါ်သွားပေးပါ"

ထိုနေ့က သူ ဟာသလိုထင်ခဲ့သည့် သူမ၏စကားများက သူ့စိတ်ထဲတွင် ရုတ်တရက် ပဲ့တင်ထပ်သလို ထွက်ပေါ်လာတာကြောင့် စုယွိက ထိတ်လန့်သွားသည်။

ဟုတ်တယ်၊ သူမရဲ့အစ်မ ရှိသေးတယ်။ ချင်းမော့ကို သူတို့ မကုသနိုင်ရင် သူမကို သူမရဲ့အစ်မဆီကို ခေါ်သွားရလိမ့်မယ်။

စုယွိက တံခါးအပြင်ဘက်မှ စစ်သည်များကို လှမ်းအော်လိုက်သည်။ "လာကြစမ်း၊ မြန်မြန်သွားပြီး ဝေါယာဥ်ပြင်ကြ၊ မြန်မြန်လုပ်"

ဝေါယာဥ် ပြင်တော့မှာလား??! ကုယွင်က ဝမ်းသာသွားသည်။ ချင်း၊ နင် ငါ့ကို စောင့်နေနော်!!!

အချိန်အတော်ကြာအောင် သယ်ဆောင်ခံလိုက်ရပြီးနောက် နောက်ဆုံးတွင် ထူးထူးခြားခြား သာယာသော အိမ်တော်တစ်ခုသို့ ရောက်ရှိလာကြသည်။ ‌ဝေါယဥ်ပေါ်တွင် လဲလျောင်းနေသော ကုယွင်က အပြင်ကို မမြင်ရဘဲ စုယွိနှင့် အေးစက်စက်သော ယောက်ျားလေးတစ်ယောက် တစ်စုံတစ်ခု ပြောနေသည့် အသံကိုသာ ကြားလိုက်ရသည်။ ထိုနောက် ထိူလူက သူတို့ အနားယူနိုင်ရန် ဧည့်ခန်းမ၏တစ်ဖက်ခြမ်းဆီသို့ ခေါ်ဆောင်သွားခဲ့သည်။

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now