50 - Ghost School (4)

Start from the beginning
                                    

ချန်ကျစ်ချူးခမျာ ပိုင်ရိ၏ရင်ခွင်ထဲ ထွေးပွေ့ခံရင်း မျက်ရည်မထွက်ဘဲ ငိုကြွေးနေလေပြီ။

ပိုင်ရိကတော့ Instance အတွက် သဘာဝကျကျ သရုပ်ဆောင်နေတာပဲ။ ဒါပေမဲ့ သူ့ရဲ့ခံနိုင်ရည်ကို ထည့်မစဉ်းစားဘူး။ Instance ပြီးသွားလို့ သူ ပိုင်ရိအပေါ် ခံစားချက်ရှိသွားရင် ဘယ်လိုလုပ်ကြမလဲလို့..?!

ချန်ကျစ်ချူး၏စိတ်ထဲ မုန်တိုင်းထန်နေသော်ငြား ပိုင်ရိကတော့ လုံးဝသတိပြုမိပုံမပေါ်ချေ။ သူက ချန်ကျစ်ချူးကို ထွေးပွေ့ထားရာမှ ပြန်လွှတ်ပေးပြီး နဖူးထက်သို့ အနမ်းဖွဖွခြွေလိုက်ပြန်သည်။ ပြီးနောက် ဆွဲဆောင်မှုရှိသော မိန်းကလေးကို အသာငဲ့ကြည့်ကာ..

“လုံလောက်ပြီလား..?”

“လုံ… လုံလောက်တာထက်တောင် ပိုသေးတယ်.. အစ်ကိုပိုင်က ဂျူနီယာချန်ကို တကယ်ချစ်တာပဲ..”

ကောင်မလေးသည် တစ်ခဏကြောင်အမ်းနေပြီးမှ အပြုံးကြီးဖြင့် ခေါင်းညိတ်ပြလိုက်သည်။ သူမ၏ မျက်ဝန်းထဲတွင် အံ့ဩရိပ်တို့ စွန်းထင်းနေပြီး လူအများရှေ့တွင် ပိုင်ရိက ချန်ကျစ်ချူးနှင့် ယခုလိုချစ်ကြည်နူးပြမည်ဟု လုံးဝမမျှော်လင့်ထားခဲ့ပေ။

သို့သော် သူမနှင့်ယှဉ်လျှင် လူငယ်သုံးယောက်က ပိုင်ရိနှင့် ပိုပြီးရင်းနှီးပုံပေါ်၏။ ပိုင်ရိ၏ အပြုအမူကို နည်းနည်းလေးမျှ မအံ့ဩကြပေ။ သူတို့က အားပါးတရ ရယ်မောလိုက်ရင်း မျက်ခုံးပင့်ကာ ပြောလာသည်။

“မှတ်ဉာဏ်ပျောက်နေတာတောင် အစ်ကိုပိုင်က အရင်အတိုင်းပဲဟေ့.. ဂျူနီယာချန်ကို သည်းသည်းလှုပ် ချစ်နေတုန်းပဲ..”

တခြားကောင်မလေးကလည်း ပါးစပ်ကို လက်အုပ်ကာ တခစ်ခစ်ရယ်နေတော့သည်။ သူတို့က စနောက်နေသော်ငြား ပိုင်ရိကတော့ ခပ်တင်းတင်းသာ။ ဆွဲဆောင်မှုရှိသည့် ကောင်မလေးကို လှည့်ကြည့်ပြီး.. : “နောက်ဆို ကျစ်ချူးကို စနိုက်ကျော်မယ်ဆိုပြီး ထပ်မစနဲ့..”

သူ၏အကြည့်က အေးစက်နေပြီး ချန်ကျစ်ချူးအပေါ် အကြည့်နှင့် လုံးဝကွာခြားနေတော့သည်။ ဆွဲဆောင်မှုရှိသည့် ကောင်မလေးမှာ ကြောင်အမ်းသွားပြီး ကမန်းကတန်း တောင်းပန်လေသည်။ ကျန်လူငယ်သုံးယောက်ကလည်း ချောင်းဟန့်ပြီး ဝင်ဖျန်ဖြေပေးသည်။

အသက်ရှင်နိုင်ဖို့အရေး အနမ်းတွေကို မှီခိုနေရဦးမယ်!Where stories live. Discover now