ကောကျင့်ယွင်က အခန်းများ စုဝေးရာနေရာကို စက်ဝိုင်းပုံဆွဲထပ်ဆွဲလိုက်ပြီး "သစ်သားသေတ္တာက ဒီနေရာတစ်ဝိုက်မှာ ရှိနိုင်တယ်လို့ ကျွန်တော် ထင်တယ်"

ကုယွင်က တစ်ချက်ထပ်ကြည့်လိုက်ပြီးနောက် စခန်း၏အခြေခံဖွဲ့စည်းပုံကို သူမစိတ်ထဲတွင် မှတ်မိနေပြီဖြစ်သည်။ သူမက မြေပုံကို ခေါက်ကာ ကောကျင့်ယွင်ကို လှမ်းပေးလိုက်ပြီး "မင်းရဲ့စစ်သည်တွေကို ဒီမြေမျက်နှာသွင်ပြင်မြေပုံကို အလွတ်ကျက်ခိုင်းထား။ မင်းရဲ့မြေပုံ မပါရင်တောင် သူတို့က မြေပြင်အနေအထားကို ကျွမ်းကျင်နေရမယ်"

သူ့တို့က ဒီနေရာရဲ့​မြေပြင်အနေအထား​ကို သူတို့လက်တွေ့ရဲ့နောက်ကျောဘက်တွေလို ရင်းနှီးနေဖို့လိုတယ်။

"ဟုတ်ကဲ့" ကောကျင့်ယွင်က ယာယီတဲထဲကနေ ထွက်သွားပြီး ကုယွင်က လမ်ရှောင်းကို ကြည့်လိုက်ကာ "မင်းရဲ့လက်နက်တွေကို ဘယ်လိုပြင်ဆင်နေလဲ"

လမ်ရှောင်းက "ဒိုင်းသုံးရာနဲ့ မြှားငါးထောင်ကို ပြင်ဆင်ထားပြီးပါပြီ။ ပြီးတော့ ခေါင်းဆောင်လိုချင်တဲ့ပစ္စည်းတွေကိုလည်း ပြင်ဆင်ထားပြီးပါပြီ"

ကုယွင်က ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်ပြီး ကောင်းကင်ကို မော့ကြည့်လိုက်တော့ ကောင်းကင်က မီးခိုးရောင်ဖြစ်နေပြီဖြစ်သည်။ ကုယွင်က "လူတိုင်း ပြင်ဆင်ပြီးပြီဆိုရင် အမွှေးတိုင်တစ်ချောင်းကုန်စာပြီးရင် စထွက်ကြမယ်"

"ဟုတ်ကဲ့!" နောက်ထပ် ညီညွတ်ပြီး ကြီးကျယ်ခမ်းနားတဲ့ အဖြေတစ်ခုက ဒီလူငယ်အဖွဲ့ရဲ့ စိတ်ဓာတ်က မြင့်မားပြီး ယုံကြည်မှုအပြည့်ရှိကြောင်း ပြသနေပေမယ့်...

ကောက်ရိုးပုံထဲတွင် နှစ်ရှီးချန်ကြာအောင် လှဲလျောင်းနေပြီးနောက်တွင် သူတို့၏မြင့်မားနေသော တိုက်ခိုက်ရေးစိတ်ဓာတ်များက ဂနာမငြိမ်ခြင်းဆီသို့ ကူးပြောင်းလာပြီး အလွယ်တကူ တုန်လှုပ်ချောက်ချားနိုင်သည့်အခြေအနေသို့ ချဥ်းကပ်လာသည်။ ကုယွင်က စကားတစ်ခွန်းမှ မပြောသလို၊ တခြားအမိန့်တွေလည်း မပေးဘဲ၊ သူတို့ကို ဒီအတိုင်း နေခိုင်းထားခဲ့သည်။ သူတို့က သူတို့ရဲ့ကိုယ်ခံအားအတွက် လေ့ကျင့်မှုတွေကိုသာ မလုပ်ခဲ့ရဘူးဆိုရင် သူတို့ သည်းမခံနိုင်တာ ကြာလောက်ပြီပင်။

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now