Extra

96 9 0
                                    

သီတင်းကျွတ်လပြည့်နေ့ ဒီနေ့သည် ချစ်တီးရဲ့နှစ်ယောက်မရှိတဲ့သားလေးရှင်ပြုမည့်နေ့ဖြစ်သည်။ ထို့ကြောင့် ရွာလုံးကျွတ်မီးခိုးတိတ်အလှူပေးပြန်သည်။

သုံးနှစ်သားအတတ်လေးဆံချနေခြင်းကို မိဘနှစ်ပါးဖြစ်သူ ပါးပါးချစ်တီးနဲ့ ဖေဖေရဲစွမ်းမင်းထိုက်က ပြုံးရွှင်စွာ တဘက်ကိုင်ပေးထားသည်။ အဘိုးနဲ့အဘွားဖြစ်သူသည်လည်း ကြည်နူးစွာမျက်ရည်များဝေ့သီလျက်။ တစ်ဖက်ကအဘိုးသည်လည်း မြေးဖြစ်သူအားကြည့်ကာ ကြည်နူးနေရသည်။ တီတီ နှစ် ယောက်နဲ့ ဦးဦး လေးယောက်သည်လည်း ကြည်နူးလျက်။

ပေါင်မုန့်လုံးလေးကို ကိုရင်စည်းပေးပြီးတော့ ကျောင်းထိုင်ဆရာတော် ရှေ့ကတိုင်ပေးသည်ကို မပီကလာပီကလာအသံဖြင့်လိုက်ဆိုနေသည့် ပေါင်မုန့်လေးလုံးလေးသည်ချစ်စရာအတိ။ ကိုရင်လေးဖြစ်သွားတော့ အဘိုးအဘွား ပါးပါးဖေဖေ တီတီဦးဦးတို့အကုန်လုံးက ကိုရင်လေးအားလက်အုပ်ချီကာကန်တော့သည်။ ထိုအခါ ကိုရင်ပေါက်စလေးက ကျောင်းထိုင်ဆရာတော်ကဲ့သို့ လက်နှစ်ဖက်ကို ပေါင်ပေါ်တင်ကာမိန့်မိန့်ကြီးကန်တော့ခံသည်။

"ဂျန်းမာ စမ်းသာပါချေ လိုရာချန်ဒ ပြည့်ဝဂျပါချေ"
(ကျန်းမာချမ်းသာပါစေ လိုရာဆန္ဒပြည့်ဝကြပါစေ)

ကိုရင်ပေါက်စလေးရဲ့ဆုပေးသံကြောင့်အကုန်လုံးကသဘောကျစွာရယ်လေသည်။ ထိုအထဲတွင်ရှင်းကြည်သာ သား ပေါက်စလေးဟာလည်း တခစ်ခစ်ဖြင့် သဘောကျနေသည်။

"အားလုံးပဲနားထောင်ဂျ တိုရင်လေးပြောချရာရှိဆယ်"
(အားလုံးပဲနားထောင်ကြ ကိုယ်ရင်လေးပြောစရာရှိတယ်)

အတည်ပေါက်ကြီးမိန့်လာသည့် ကိုယ်ရင်ပေါက်စလေးကြောင့် အားလုံးမျက်ခုံးပင့်သွားရသည်။

"တင်ပါ့ ကိုယ်ရင်လေး"

"နင့်ဖင်ခါဂျ တိုရင်လေးချွမ်းလာခံမယ် အဲ့တာ တာယိကာမဂျီးထင်းဂျီသာက ထောက်ဆွဲဂျော်လောင်းရမယ် တာယိကာမဂျီးနှီးနုတို့က ချပွန်အတောင်ဂျီးဂျီးဂျော်ပြီးလောင်းရမယ် တာယိကာဂျီးယံဂျော်ချိန်တို့ကတော့ ပေါ့ပေါ့ပါးပါး တိုလာလေးလောင်းရင်ရပြီ တာယိကာဂျီးဂျစ်တီးကတော့ တိုအီးချီလေးတွေလောင်းရင် အချင်ပြေတယ်"

"ဝိုင်းအုံချစ်" [ COMPLETE ]Where stories live. Discover now