အပိုင်း (10)

72 7 0
                                    

အိမ်၏ဧည့်ခန်းထဲတွင် လူစုံတက်စုံထိုင်နေကြသည်။ လက်ထက်စာချုပ်တွင်လက်မှတ်ထိုးရန်အတွက် အမြန်စီစဥ်လိုက်ရသောကြောင့် ရင်းနှီးသည့်မိတ်ဆွေအနည်းငယ်ကိုဖိတ်၍ အိမ်၌သာအကျဥ်းချုံးလုပ်လိုက်ကြရသည်။ ရဲစွမ်းမင်းထိုက်၏ ဘာမှအကြီးအကျယ်မလုပ်ချင်ဘူးဟူသောစကားကြောင့်လည်းပါသည်။

ရဲစွမ်းမင်းထိုက်သည် နီညိုရောင်ပုဆိုးကွက်နဲ့ လည်ကတုံးလက်ရှည်ကိုအပေါ်ကတိုက်ပုံအမဲနဲ့တွဲဝတ်ထားသည်။ ချစ်တီးသည်လည်း ရဲစွမ်းမင်းထိုက်နဲ့ဆင်တူ နီညိုရောင်ပုဆိုးနဲ့ ရှပ်လက်ရှက်အဖြူကိုဝတ်ထားသည်။

လက်ထက်စာချုပ်တွင် လက်မှတ်ထိုးပြီး လက်စွပ်အပြန်အလှန်ဝတ်ပေးသည့်အခါ ရှေ့နေကအကြင်လင်ခင်ပွန်းဖြစ်ကြောင်းကြောငြာသည်။

"ယခုစ၍ ဦးရဲစွမ်းမင်းထိုက်နဲ့ မောင်ဝိုင်းအုံချစ်တို့သည် အကြင်လင်ခင်ပွန်းဖြစ်ကြောင်း ကြောငြာအပ်ပါသည်။

ရှေ့နေ၏စကားအဆုံး ရဲစွမ်းမင်းထိုက်က မတ်တပ်ထရပ်ကာ ခြံထဲဆင်းသွားသည်။ ချစ်တီးကတော့ ဝမ်းနည်းသည့်စိတ်ကိုချိုးနှိမ်ကာ ပြုံးလိုက်ပြီး ဧည့်ခန်းထဲရှိ ဧည့်သည်များကို ခြံထဲတွင် အစားအသောက်များသုံးဆောင်ရန်ပြောပြီးခေါ်ဆောင်သွားသည်။

ချစ်တီးခြံထဲဝင်လာတော့ ရဲစွမ်းမင်းထိုက်သည် ဇင်ဇင်ချိုဦးနဲ့ စကားပြောနေကြသည်ကိုတွေ့လိုက်ရသဖြင့် စိတ်ထဲမှာအနည်းငယ်ချဥ်တူးလာရသည်။ ချစ်တာကချစ်တာပဲ ဒါမျိုးတော့အလိုမလိုက်နိုင်။ ချစ်တီးသည် လူကြီးတွေကိုထားခဲ့ကာ ရဲစွမ်းမင်းထိုက်တို့စကားပြောနေသည့်နေရာသို့သွားကာ ရဲစွမ်းမင်းထိုက်၏လက်ကိုချိတ်လိုက်သည်။

"ယောက်ျား သူကဘယ်သူလဲ"

ရဲစွမ်းမင်းထိုက်သည် အချစ်ဦးလည်းဖြစ် အတွင်းရေးမှူးဖြစ်သူ လက်ထက်ဖို့ရည်ရွယ်ထားသည့်အမျိုးသမီးနဲ့ စကားပြောနေစဥ် သူ့လက်ကိုလာချိတ်ကာ ချွဲချွဲနွှဲ့နွှဲ့အသံနဲ့သူ့ကို ယောကျာ်းဟုခေါ်လာသည်ကြောင့် စိတ်ရှုပ်လာသည်။

"ဖယ်စမ်းပါ!! မင်းတအားစိတ်ရှုပ်စရာကောင်းတယ် ချို ကိုယ်နဲ့နောက်မှတွေ့ကြတာပေါ့ အခုတော့ကိုယ်သွားတော့မယ်"

"ဝိုင်းအုံချစ်" [ COMPLETE ]Where stories live. Discover now