ထိုအဖြစ်အပျက်များဖြစ်ပြီးနောက်တစ်နေ့တွင် ချစ်တီးသည်နိုးထလာခဲ့သည်။ ကုတင်ပေါ်ကမျက်လုံးများညင်သာစွာပွင့်လာသည့် ချစ်တီးအား လူနာစောင့်နေသည့် ဒေါ်ဝင်း(ချစ်တီးအမေ)ကတွေ့လိုက်သည်။
"သားနိုးပြီလား ခဏနော် အမေဆရာ့ကိုသွားခေါ်ပေးမယ်"
ချစ်တီးသည်ခေါင်းကိုအသာငြိမ့်ပြလိုက်ပြီး မျက်လုံးဝှေ့ကြည့်၍ တစ်စုံတစ်ယောက်အားရှာလိုက်သည်။ တွေ့ချင်တဲ့သူကိုမတွေ့လိုက်ရ၍မျက်နှာလေးသည်ညှိုးကျသွားသည်။
ချစ်တီး လက်သည်ဗိုက်ကိုစမ်းမိတော့ သူ့ဗိုက်ကပူမနေသောကြောင့် ထိတ်လန့်သွားသည်။ ထိုအချိန် အခန်းထဲသို့အမေနဲ့ဆရာဝန်ကပြန်ဝင်လာသည်။
"အွန်မိုးညှင်း ပေါင် ပေါင်မုန့်လုံးလေးရော"
"ရှိတယ် သား ပေါင်မုန့်လုံးလေးက ရှိတယ်နော်"
ချစ်တီး အမေအပြောကြောင့် သက်ပြင်းချလိုက်သည်။
"ဘာလေးလဲဟင်"
"သားလေး သားလိုပဲမျက်လုံးဝိုင်းဝိုင်းလေး"
"သားကိုကြည့်ချင်တယ်"
"ဟုတ်ပြီမေမေသွားခေါ်ခဲ့ပေးမယ်နော်"
ဒေါ်ဝင်းသည် ဟိုဘက်အခန်းမှ မြေးအဖိုးအားသွားခေါ်လိုက်သည်။
"ကျုပ်တို့သားလေးသတိရနေပြီ"
ချစ်တီးအဖေသည်ဝမ်းသာအားရ မြေးအားပွေ့ကာထပြီး ချစ်တီးအခန်းထဲသို့ဝင်သွားလိုက်သည်။
"သားသက်သာလား နာတဲ့နေရာရောရှိလား"
ချစ်တီး အဖေဖြစ်သူကိုခပ်ဖွဖွပြုံးပြလိုက်ပြီး ခေါင်းကိုခါပြလိုက်သည်။
"ဒါ ဒါလေးက ပေါင်မုန့်လုံးလေးလား"
သားဖြစ်သူအားကြည့်ကာငိုနေသောချစ်တီးကိုမိဘနှစ်ပါးကလည်း မျက်ရည်တွေဖြင့်ကြည့်နေကာခေါင်းငြိမ့်ပြသည်။
"သေးသေးလေးနော် လက်လေးရော ခြေထောက်လေးတွေရော အူယားစရာလေး ထိလိုက်ရင်ပဲ့ကြွေသွားမယ်ထင်တယ်"
"မကြွေပါဘူးသားရဲ့ မြေးလေးကိုခေါ်လိုက်ဦးလေ"
ပေါင်မုန့်လုံးလေးသည် ချစ်တီးအား မျက်လုံးဝိုင်းဝိုင်းလေးများဖြင့်မော့ကြည့်နေသည်။ သားဖြစ်သူအား အဖေ့လက်ထဲမှလွှဲယူလိုက်ကာ သားပါးနုနုလေးအား ခပ်ဖွဖွနမ်းလိုက်သည်။