အပိုင်း(3)

89 8 0
                                    

"ဟဲ့ ဒါဘယ်ကိုကြွဦးမလို့တုန်း မနက်ကမှနင်ထိပ်တုံးကလွတ်လာတာနော် ဘယ်သွားသဝေထိုးပြီး မွှေဦးမလို့လဲ"

"အွန်မိုးညှင်းကလည်းဗျာ သိရဲ့သားနဲ့ ဘယ်ကြွရမှာလဲ ထန်းတောပေါ့ဗျာ"

"နင့်အသက်နင်ပြန်ကြည့်ဦး အသက်ကဖြင့်အိုနေပြီ သောက်စားမူးရူးရန်ဖြစ်ပြသနာရှာမနေပဲ စီးပွားရေးအတည်တကျလုပ်ဖို့မစဥ်းစားသေးဘူးလား"

"ဟာဗျာ အွန်မိုးညှင်းကလည်း ကျုပ်ဘွဲ့နာမည်ကရှည်လိုက်တာ ကျုပ်မှာ ငွေတိုးချေးစားတဲ့အလုပ်ရှိတယ်​လေ အဲ့တာဘယ်လောက်ငွေဝင်လဲအွန်မိုးညှင်းသိရဲ့သားနဲ့"

"ဟဲ့ငါကအဲ့ငွေတိုးချေးစားနေတာကိုမကြိုက်တာ ချစ်တီးရဲ့ မနေ့ကကြီးဒေါ်ပုငါ့လာတိုင်သွားတယ် နှစ်ဆယ် လိုတာလျော့မပေးလို့ဆိုပြီး နှစ်ဆယ် လောက်နဲ့လျော့ပေးလိုက်လေ နှစ်ဆယ်တန်ကဘယ်မှာရှိလို့လဲ"

"လျော့မပေးနိုင်ပါဘူးဗျာ နှစ်ဆယ်မပြောနဲ့ တစ်ကျပ်တောင်လျော့မပေးနိုင်ဘူး စီးပွားရေးလုပ်နေတာလေ ကစားနေတာမှမဟုတ်တာ တော်ပြီဗျာ အွန်မိုးညှင်းနဲ့မပြောတော့ဘူး သွားတော့မယ် ဟို သုံးယောက်ကိုဝင်ခေါ်ရဦးမယ်"

မှန်ရှေ့အကြီးအကျယ်ဆံပင်သနေရာမှ အမေဖြစ်သူဆူပူနေမှုကြောင့်စိတ်ရှုပ်စွာ ခေါင်းဘီးကိုချလိုက်ပြီး အိမ်ထဲမှထွက်လာလိုက်သည်။

"နင့်တစ်ယောက်နဲ့လည်း ငါစိတ်ညစ်ပါတယ် ချစ်တီးရယ် နင်လည်း မြန်မြန်အိမ်ထောင်ကျမှပဲ"

အမေဖြစ်သူသည် ထွက်သွားသော အမွှေစိန်သားဖြစ်သူ၏နောက်ကျောပြင်ကိုကြည့်ကာ ညည်းညူလေသည်။

"ထိပ်တင်မယ်ကြမ်းရေ ထိပ်တင်မယ်ကြမ်း"

"ဟဲ့သောက်ပလုတ်တုပ်!"

ဝိုင်းအုံချစ်၏လူမမြင်ရသေးတဲ့ အသံကြောင့် အိမ်ရှေ့ကွပ်ပျစ်တွင် စပါးရွေးနေသော နှင်းနုအမေသည် လန့်သွား၍ယောင်လေသည်။ နှင်းနုအမေသည် သူ့အာရုံနဲ့သူအလုပ်လုပ်နေချိန် သူ့ကိုရုတ်တရက်မေးခွန်းမေးလိုက်သည်ဖြစ်စေ စကားပြောလိုက်သည်ဖြစ်စေ ယောင်တတ်သည်။ ကလိထိုးလျှင်လည်း ယောင်တတ်သည်။ ဘယ်လိုယောင်တာလဲဆိုလျှင်

"ဝိုင်းအုံချစ်" [ COMPLETE ]Where stories live. Discover now