အပိုင်း (21)

81 9 0
                                    

ဒီနေ့သည် ချစ်တီးအမေဒေါ်ဝင်းက တစ်ရွာလုံးကိုရွာလုံးကျွတ်မီးခိုးတိတ်အလှူပေးသည့်နေ့ဖြစ်သည်။ အကြောင်းအရင်းမှာ မြေးချီရမည်ဆိုသောကြောင့်ပင်။ ဟုတ်ပါတယ် ချစ်တီးတွင် ကိုယ်ဝန်နှစ်လရှိနေပြီဖြစ်သည်။

လွန်ခဲ့တဲ့နှစ်လထိုနေ့ညကျော်လွန်ပြီး ၂ ပတ်လောက်အကြာတွင် ချစ်တီးသည် မူးလဲသဖြင့် ရဲစွမ်းမင်းထိုက်ကာ စမ်းသပ်ရာ ကိုယ်ဝန်ရှိကြောင်းအရိပ်အယောင်ပြလာသဖြင့် မယုံကာမြို့တက်၍ သားဖွားမီးယပ်ဌာနတွင်စစ်ဆေးကြည့်သည်။ အဖြေသည် ချစ်တီးမှာကိုယ်ဝန်ရှိနေတယ်ဆိုသည့်အဖြေတစ်ခုတည်းပင်။

ဘုရားကပေးတဲ့လက်ဆောင်ဟုသတ်မှတ်ကာ တစ်ရွာလုံးကလည်း ဝမ်းသာပေးကြသည်။ ထိုအထဲတွင်အပျော်ဆုံးက ရဲစွမ်းမင်းထိုက်ဖြစ်ခဲ့သည်။ ဟိုးအရင်ကတည်းကလိုချင်ခဲ့တဲ့မိသားစုကမ္ဘာလေးကိုသူရတော့မည်ဖြစ်သဖြင့် ဆရာဝန်ဂုဏ်တောင်မထောက်နိုင်တော့ပဲ သူ့တပည့် လက်အောက်ငယ်သားတွင်ရှေ့ပင်မျက်ရည်အရွှဲသားနှင့်ပင်။

ရွာရှိမိန်းမပျို အမျိုးသမီးကြီးများက မနေ့ကတည်းချက်မည့်ဟင်းများကို ပြင်ဆင်ထားကြသည်။ အရင်ရက်များကည ၇ နာရီဆိုတိတ်ဆိတ်နေသည့်ရွာက မနေ့ညကတော့ တစ်ရွာလုံးမီးထိန်ထိန်လင်းကာ အလှူအတွက်ရွာသူရွာသားအားလုံးဝိုင်းဝန်းကူညီပေးကြသည်။ ရွာကအိုးသူကြီးများသည် မနက်နေအလင်းရောင်ထွက်ချင်ချင်အချိန်ကစ၍ ဟင်းများကိုစတင်ချင်ပြုတ်တော့သည်။ မနက်နေကောင်းကောင်းလင်းသည့်အချိန်တွင်တော့ ဟင်းများအားလုံး ရလုနီးနီးဖြစ်သည်။ မနက် ၆ နာရီတွင်တော့ ဟင်းများအားလုံးကျက်သွားသဖြင့် ဝိုင်းအုံချစ်မိဘနှစ်ပါးနဲ့ ရဲစွမ်းမင်းထိုက်တို့လင်ခင်ပွန်းက ရွာဦးဘုန်းကြီးကျောင်းသို့ ဦးဦးဖျားဖျားဆွမ်းချိုင့်သွားပို့ခဲ့ပြီး ရေစက်ချတရားနာခဲ့သည်။ ချစ်တီးအမေနဲ့အဖေက ရွာဦးစေတီဆီသွားရောက်လှူတန်းဦးမည် ဆိုသောကြောင့် ရဲစွမ်းမင်းထိုက်နဲ့ချစ်တီးသာအရင်ပြန်ခဲ့လိုက်သည်။ မနက် ၇ နာရီလောက်ကစပြီး အလှူအိမ်သည် တစ်ယောက်ဝင်တစ်ယောက်ထွက်ဖြင့် ပျော်ပျော်ရွှင်ရွှင် ဝိုင်းလုပ်ဝိုင်းစားနေကြသည်။

"ဝိုင်းအုံချစ်" [ COMPLETE ]Where stories live. Discover now