အပိုင်း (20) [warning]

95 9 0
                                    

ချစ်တီးတို့အိမ်ကိုပြန်​ရောက်လာသည့်အချိန်သည် ည​နေ ၄ နာရီပင်ထိုး​နေ​လေပြီ။ ချစ်တီးလည်း ဧည့်သည်​ကောင်​လေးအား​​ခေါ်၍ အိမ်ထဲဝင်လိုက်သည်။

"လာ ကို​ဆောင်း ဒါကျုပ်အိမ်​လေ အားမနာနဲ့သိလား ကိုယ့်အိမ်လိုသ​ဘောထား"

"အင်း ဝိုင်း"

ချစ်တီးလည်း ရန်ကုန်မှပါလာသည့် ကိုဆောင်းမင်းပိုင်အား အိပ်ဖို့နေရာစီစဥ်ပေးလေသည်။

ရဲစွမ်းမင်းထိုက် ညနေ ၄ နာရီထိုးပြီမို့ဆေးပေးခန်းအားပိတ်ကာ အိမ်သို့ပြန်လာခဲ့လိုက်သည်။

"ဟူး ဒီနေ့လည်း တစ်ယောက်တည်းဖြတ်သန်းရဦးမယ်"

အိမ်ရှေ့ရောက်တော့ ခြံတံခါးပွင့်နေသည်ကြောင့် ချစ်တီးပြန်ရောက်နေပြီဟုသိ၍ စိတ်လှုပ်ရှားစွာအိမ်ထဲကိုအပြေးဝင်သွားလိုက်သည်။

'နေဦးတွေ့မှအတင်းဖတ်ထားဦးမယ်။ လူက်ုပစ်ထားနိုင်တာ တစ်ချက်လေးတောင်ဖုန်းမဆက်ဘူး'

ရဲစွမ်းမင်းထိုက်အပျော်တွေသည် အိမ်အပေါ်ထပ်ရောက်တော့ ရုတ်ချည်းပျောက်ကွယ်သွားရသည်။ အကြောင်းမှာသူတစ်ခါမမြင်ဘူးသည့် လူတစ်ယောက် သူတို့အိမ်ပေါ်တွင်ရောက်နေ၍ဖြစ်သည်။

"ကိုဆောင်း အထဲမှာဝင်နားလို့....."

ထိုအချိန် ရဲစွမ်းမင်းထိုက်၏ဘေးအခန်းမှ ချစ်တီးသည် တံမြက်စည်းနဲ့ဂေါ်ကိုင်ကာထွက်လာခဲ့သည်။ ထို့ကြောင့် ရဲစွမ်းမင်းထိုက်ပိုလို့ပင် စိတ်ရှုပ်သွားရသည်။ ချစ်တီးကသူကိုယ်တိုင်တောင် အထဲမှာပစ္စည်းတွေထည့်ထားလို့ ရှင်းရရွှေ့ရတာပျင်းလို့ ဝင်တောင်မအိပ်ပဲ ဘုရားစင်ရှေ့ဖျာထိုးအိပ်နေတာမလား။ ဒါကိုဒီကောင်ကဘာမို့လို့ ချစ်တီးကကိုယ်တိုင်တောင်အခန်းရှင်းနေရသလဲ။ သူ့စိတ်ထဲတွင်ချဥ်တူးနေပါသည်။

ချစ်တီးသည် ဧည့်သည်ကိုအပြင်မှာအိပ်ခိုင်းရင်မကောင်းတတ်လို့ တစ်ဖက်အခန်းကိုဝင်ရှင်းပေးပြီး ကိုဆောင်းအားနားချင်နားလို့ရကြောင်းထွက်အပြော ကိုကို့အားတွေလိုက်ရသည်မို့ စကားတောင်ဆုံးအောင်မပြောနိုင်တော့ပေ။ ကိုကို့မြင်သည်နှင့် ဖုန်းထဲကပုံတွေကိုသာပြေးမြင်မိသည်။ အတတ်နိုင်ဆုံးစိတ်ကိုလျော့ကာ အရင်အတိုင်းဆက်ဆံဖို့လုပ်ထားသော်လည်း မည်သို့မျှအရင်အတိုင်းမဖြစ်နိုင်တော့တာ သူသိသည်။

"ဝိုင်းအုံချစ်" [ COMPLETE ]Tempat cerita menjadi hidup. Temukan sekarang