အပိုင်း (22)

73 9 0
                                    

ဇင်ဇင်ချိုဦး ရွာကိုစရောက်သည့်နေ့ကစလို့ ချစ်တီးသည်တစ်ရက်မှစိတ်မပျော်ရွှင်ရပေ။ ဇင်ဇင်ချိုဦးသည် နည်းမျိုးစုံအကြောင်းပြကာ အိမ်ကိုခဏခဏဝင်ထွက်လေ့ရှိသည်။ ကိုကိုသည်လည်း သူ့မိတ်ဆွေအဖြစ်နဲ့လား လက်အောက်ငယ်သားအဖြစ်နဲ့လား အချစ်ဦးမို့လားတော့မသိ သူမလာတိုင်း ပြုံးရွှင်ဖော်ရွေစွာဆက်ဆံသည်။ ကိုကိုကထိုသို့ဆိုသောကြောင့် ချစ်တီးကပို၍ပင်စိတ်သောကရောက်ရသည်။ ကိုကိုကသူ့အားချစ်တယ်ပြောထားသော်လည်း တစ်ကယ်ပဲလား လိုချင်တာရဖို့အနုနည်းနဲ့နည်းလမ်းပြောင်းချည်းကပ်နေသည်လားဆိုတာသေချာမသိသေးတာမို့ ထိုချစ်တယ်ဆိုသောစကားကိုလည်းသူမယုံသေးပါ။ ကိုကိုကရှေ့မှာတွေတုန်းက သူ့ကိုသေလောက်အောင်ကြည့်မရဖြစ်ပြီး ကွာရှင်းဖို့အကြောင်းပဲခေါင်းထဲထည့်နေသည်မဟုတ်လား။ သူကိုကိုနဲ့ဝေးရမှာသေမှာထက်ပိုကြောက်ပါသည်။ ကိုကိုကတစ်ကယ်ချစ်လို့ချစ်တယ်ပြောတယ်ပဲထားဦး တစ်ဖက်က ကိုကို့အချစ်ဦးဖြစ်နေသည့်အတွက် ချစ်တီးမပေါ့ဆရဲပါ။ အချစ်ဦးကိုမေ့ရိုးထုံးစံမရှိ။ အချစ်ဦးဆိုတာ သေရာပါဒဏ်ရာလိုပင်။ သူဘယ်သူ့ကိုပဲထပ်ချစ်ခဲ့ပါစေ ကိုကို့အတွက်အချစ်ဦးက ဇင်ဇင်ချိုဦးဆိုတဲ့အချက်နဲ့တင် သူသေလောက်အောင်တုန်လှုံ့ပါသည်။ ထိုအသိကလည်း သူ့အားစိတ်ဒုက္ခအတော်ပေးသည်။

"ကိုရဲရေ"

ညှောင်နာနာအသံကြောင့် ချစ်တီးသည် မျက်မှောင်ကြုပ်လိုက်သည်။ မိုးမလင်းသေးဘူး လာပြီ။

"ဘာကိစ္စလဲ"

သူ့အိမ်သူယာလို့ပင်အရှက်မရှိဝင်လာတဲ့သူကိုချစ်တီးသည် အိမ်ရှေ့ကွပ်ပျစ်တွင်ထိုင်၍မေးလိုက်သည်။

"ကိုရဲဆီလာတာ"

ထိုအချိန်အိမ်ထဲမှ ရဲစွမ်းမင်းထိုက်ထွက်လာသည်။

"ဝိုင်းငယ် ကိုယ်အလုပ်သွားတော့မယ်"

ရဲစွမ်းမင်းထိုက်သည် ချစ်တီးနဖူးအားနမ်းလိုက်သည်။ မနက်ပိုင်းတွင် ရဲစွမ်းမင်းထိုက်နေ့စဥ်လုပ်နေကြအလုပ်ဖြစ်သည်။ ချစ်တီးသည် ဇင်ဇင်ချိုဦးအားမျက်ခုံးပင့်ကာပြုံးပြလိုက်သည်။

"ဝိုင်းအုံချစ်" [ COMPLETE ]Where stories live. Discover now