အပိုင်း (15)

26 6 0
                                    

ပြူးပြူးဆေးရုံကဆင်းလာပြီးသည့်အချိန်ကနေ တစ်လဟူသောအချိန်ကာလအပိုင်းအခြားသို့ ကြာမြင့်ခဲ့လေပြီ။ ထိုတစ်လအတွင်း ချစ်တီးတို့ဘဝသည်များစွာပြောင်းလဲခဲ့သည်။ အထူးခြားဆုံးပြောင်းလဲမှုမှာ ယံကျော်စိန်ယောက်ျားရသွားခြင်းဖြစ်သည်။ ယံကျော်စိန်သည် ရီရီမာအားစိတ်နာကာ "နင့်ကြောင့်ကျတဲ့နင့်အစ်ကို ကိုသုတ်ခိုင်းမယ်" ဟူသောဆောင်ပုဒ်ဖြင့် ရီရီမာအစ်ကို၏ခေါင်းကွဲဒဏ်ရာကိုပြုစုစောင့်ရှောက်ပေးရင်း ရအောင်ယူခဲ့လေသည်။

ရဲစွမ်းမင်းထိုက်နဲ့ချစ်တီး၏ ဆက်ဆံရေးသည်လည်း အများကြီးကောင်းမွန်လာခဲ့သည်။ အရင်မေးထူးခေါ်ပြောအဆင့်ကနေ သူငယ်ချင်းဆက်ဆံရေးလောက်ထိရင်းနှီးလာကြသည်။ တစ်စုံတစ်ယောက်၏ရင်ထဲတွင်လည်း ချစ်တီးကနေရာဝင်ယူနေသည်ကိုတော့ ထိုတစ်စုံတစ်ယောက်ကမရိပ်မိသေးပေ။

ရှင်းကြည်သာကိုလည်း မျိုးမင်းသန့်က ချစ်ရေးဆိုထားပြီးဖြစ်သည်။ အစကတည်းကဖက်ရှင်အိုင်ကွန်ကိုကြွေနေသည့် မျိုးမင်းသန့်က ယံကျော်စိန်လက်ထက်ပွဲတွင် ထဘီရင်ဖုံးဖြင့်ရိုးရိုးလေးဝတ်ထားသည့် ရှင်းကြည်အားမြင်ပြီးပစ်ကြွေကာ ထို့ညနေပင် ရွာအဝင်ကခရေပင်တန်းတွင် ဖွင့်ပြောခဲ့လေသည်။ ရှင်းကြည်သာကတော့ မူနေသည်လား ပြန်ပဲမကြိုက်တာလားတော့မသိ အခုထိအဖြေပြန်မပေးသေးပင်။

နှင်းနုသည်တော့ဘာမှသိပ်မပြောင်းလဲပေ။ ရွာကိုကျောင်းဆရာအနည်းငယ်ထပ်ရောက်လာသဖြင့် နုင်းနုသည်  အငယ်တန်းတွေလောက်ပဲ စာသင်စာပြပေးရတော့သည်။

"ကိုကို"

"ပြော"

"ညနေကြ ခရေပင်တန်းဆီသွားရအောင်"

"ဘာသွားလုပ်မှာလဲ"

"ဒီတိုင်း လမ်းလျှောက်ရင်း စကားပြောကြမယ်လေ"

"ပျင်းစရာ"

"ကိုကိုကလည်း သွားရအောင်ပါနော် အဲ့နားက ဒေါ်ပုမဆီလည်း အကြွေးတောင်းရင်း အဲ အကြော်စားရင်းပေါ့ ဟီး.."

"ချစ်တီး ငါပြောထားတယ်နော် အဲ့ငွေတိုးချေးစားကိုမလုပ်နဲ့တော့လို့"

"ဝိုင်းအုံချစ်" [ COMPLETE ]Where stories live. Discover now