အပိုင်း (7)

68 7 0
                                    

KTV ကိုရောက်တော့ လေးယောက်လုံး သုံးဘီးပေါ်မှဆင်းကာ အဆောက်အဦးအတွင်းသို့ဝင်သွားသည်။

"မင်္ဂါလာပါရှင့်"

"ဟုတ်ကဲ့သီချင်းဆိုဖို့လာတာပါ"

"အာဟုတ်ကဲ့ Booking ကြိုတင်ထားပါလားရှင့်"

"ဘွတ်...ဘွတ်ကင် ဘာတုန်းအဲ့တာ ကြင်ကင်လိုစားရတဲ့ဟာမျိုးလား"

ချစ်တီး၏အမေးကြောင့် ကောင်တာကအမကြီးနှစ်ယောက်သည် မျက်လုံးပြူးသွားကာ ရယ်သံထွက်တော့မည့်ပါးစပ်ကိုအတင်းစိထားသည်။

"မ..မဟုတ်ဘူးလေ အစ်ကို ကြိုစာရင်းပေးထားလားလို့မေးတာရှင့်"

"အော်အဲ့လိုလား မတင်ထားပါဘူး"

"ဟုတ်ကဲ့ အဲ့လို အခန်းစျေးလေးတွေတစ်ချက်ရှင်းပြပေးမယ်နော်"

"ဟုတ်ပြီ"

"ကျွန်မတို့ဆီမှာ ၁၆၀၀၀ ခန်း ၁၈၀၀၀ ခန်း ၂၂၀၀၀......"

"ဟိုးဟိုး စျေးအနည်းဆုံးဟာလေးပြောပေးပါလား"

"အာဟုတ် ကျွန်မတို့ဆီမှာတော့ စျေးအနည်းဆုံးက ၁၆၀၀၀ ခန်းပါရှင့်"

"သူက ၁ နာရီကို ၁၆၀၀၀ လား"

"ဟုတ်ကဲ့ရှင့်"

"အဲ့အခန်းပဲယူလိုက်မယ် တစ်ခါတည်းရှင်းရမှာလား"

"ပြီးမှရှင်းလည်းရပါတယ်ရှင့်"

"ဟုတ်ပြီ အဲ့တာဆို သွားဆိုလို့ရပြီလား"

"ခဏလေးပါရှင့် အခန်းလွတ်ရှိမရှိတစ်ချက်ကြည့်ပေးမယ်ရှင့်"

ကောင်တာကကောင်မလေးသည် computer မှာကြည့်ပြီး

"ဟိုလေ အခန်းလေးက မိနစ် ၂၀ လောက်တော့စောင့်ရဦးမယ်ရှင့်"

"ရတယ်လေ စောင့်လိုက်မယ် ဒီမှာထိုင်စောင့်လို့ရတယ်မလား"

"ဟုတ်ရပါတယ်ရှင့် အပေါ်ထပ် sky bar မှာလည်း view ကြည့်ရင်းစောင့်လို့ရပါတယ်ရှင့်"

"ဟုတ်လားအဲ့ဆိုအဲ့ကိုသွားစောင့်လိုက်မယ်"

ချစ်တီးတို့လေးယောက်သည် တောကလာတယ်ပဲဆိုဆို sky bar တို့ elevator တို့ကိုတော့ ရုပ်ရှင်တွေကြည့်ရင်းမြင်ဖူးသည့်အတွက် အနည်းအကျဥ်းလောက်တော့သိသည်။

"ဝိုင်းအုံချစ်" [ COMPLETE ]Where stories live. Discover now