ရဲစွမ်းမင်းထိုက်နဲ့မျိုးမင်းသန့်သည် မြို့ရောက်ပြီး ငါးရက်အကြာမှာ ရွာသို့ပြန်လာခဲ့သည်။
ရွာအဝင်ဝခရေတန်းကိုရောက်သည်နှင့် သူပြုံးမိသွားသည်။ ဘာကြောင့်ရယ်တော့သေသေချာချာမသိပေမယ့် ချစ်တီးကိုတော့သူသေမတတ်လွမ်းနေပါတယ်။ ချစ်တီးရဲ့မျက်နှာလေးကိုမြင်လျင်လှပြီဖြစ်၍ စိတ်ထဲမယိုးမယွဖြစ်နေသည်။ အိမ်ကိုရောက်တော့ ခြံရှေ့တွင်သော့ခတ်ထားသောကြောင့် မျက်မှောင်ကြုတ်မိသည်။
"အော် ငါကတစ်ပတ်လို့ပြောထားတာလေ သူ့မိဘအိမ်မယ်နေမှာပေါ့"
ထိုသို့တွေးကာ ချစ်တီးမိဘတွေအိမ်ဆီသို့ ခြေဦးလှည့်ရသည်။
"အန်တီဝင်းရေ ချစ်တီးဒီမှာလား"
ချစ်တီးအမေသည် အိမ်ရှေ့ကအော်သံကြောင့်ထွက်ကြည့်ရာ ရဲစွမ်းမင်းထိုက်ကိုမြင်လိုက်ရသောကြောင့် အံ့သြသွားသည်။
"သားပြောတော့တစ်ပတ်ဆို ပြန်လာတာ မြန်လှချည်လား"
"ဟုတ်တယ် အလုပ်တွေစောစောပြီးသွားလို့ပြန်လာလိုက်တာ"
ချစ်တီးကိုလွမ်းလို့ဆိုတာတော့ထည့်မပြောလိုက်တော့ပေ။
"အေးအေး အန်တီဒါဆို သားတို့အိမ်သော့ပေးလိုက်မယ်နော်"
"ဟုတ်ဒါနဲ့ချစ်တီးရော"
ရဲစွမ်းမင်းထိုက်အမေးကြောင့် ချစ်တီးအမေကြောင်သွားသည်။ ဘာလဲဒီကလေး ရန်ကုန်သွားတာ သားစွမ်းကိုမပြောသွားဘူးလား။
"ချစ်တီးကရန်ကုန်သွားတယ်လေ သားကိုပြောမသွားဘူးလား"
"ဗျာ!!"
ရဲစွမ်းမင်းထိုက်အံ့သြသွားသည်။ သူ့ကိုလည်းတစ်ခွန်းမျှမပြောပေ။ ဟိုတစ်နေ့ကဖုန်းဆက်တာ ဒါပြောဖို့လား။ ဘယ်လိုပဲဖြစ်ဖြစ် message လေးနဲ့အသိပေးသင့်ပါတယ်။ ငါဖုန်းချလိုက်လို့ စိတ်ဆိုးသွားတာလား။ မဟုတ်မှသူကြားသွားသေးတာလား။
"အန်တီ ဘယ်တုန်းကသွားတာလဲ ဘယ်နှစ်ရက်ကြာမယ်ပြောလဲ ဘယ်သူနဲ့သွားတာလဲ ပြီးတော့ဘာလုပ်ဖို့သွားတာလဲ"
"မင်းမေးခွန်းတွေကများလိုက်တာ သားကိုချစ်တီးကဘာမှပြောမသွားဘူးလား"