အပိုင်း (၁၀၅) ဘယ်သူက ထွက်သွားလို့ ပြောလို့လဲ

Start from the beginning
                                    

နောက်ဆုံးတွင် ကျန်းရှုက သူ့ကို ထပ်ကန်ပစ်လိုက်ပြီး သူ့လေသံမှာ ပိုပြီးအရေးတကြီး ဖြစ်လာလေသည်။

" ခွေးကောင် မြန်မြန်လုပ်လေ၊ မင်း မိဘတွေကို မင်းနဲ့အတူတူ သေစေချင်နေတာလား"

ရှန်ယွဲ့သ ကျန်းရှုကို ပိုပြီးခြောက်လန့်နေကာ တစ်ချိန်လုံး အဓိပ္ပါယ်ပါပါ မျက်နှာထားတစ်ခုကို ဆောင်ထားလိုက်သည်။

ကျန်းရှုက သူကို ထပ်ကန်ပစ်တော့မည်ကို သိလိုက်သဖြင့် ကျန်းရန်သည် သတိပြန်ဝင်လာတော့သည်။ သူသည် သည်အခိုက်အတန့်တွင် မည်မျှပင် ဆန္ဒမရှိသော်လည်း မတတ်သာတော့ဘဲ ကျန်းရှု၏ဆန္ဒအတိုင်း တောင်းပန်လိုက်ရတော့သည်။

"... ရှန်ယွဲ့ ငါ တောင်းပန်ပါတယ်"

"ဒါပဲလား၊ နင် ငါ့မောင်လေးကို ကြမ်းပြင်ပေါ် ဒူးထောက်ပြီး ဦးချတောင်းပန်စေချင်ခဲ့တာမဟုတ်ဘူးလား" ရှန်ယွဲ့က မျက်ခုံးများကို ပင့်ထားလိုက်ပြီး အေးတိအေးစက်ပြောလိုက်လေသည်။

ရှန်ယွဲ့၏ အေးစက်စက်သဘောထားကို မြင်လိုက်ရသည့် ကျန်းရှုသည် သူမက လုံးဝမကျေနပ်သလို ကျန်းမိသားစုကို သည်အတိုင်းလွှတ်ပေးရန် စိတ်ကူးမရှိမှန်း သိသွားတော့သည်။ သူ့နှုတ်ခမ်းများက တုန်ယင်နေပြီး သူသည် ရွှံအိုင်ကြီးတစ်ခုနီးပါး ဖြစ်သွားတော့မည့် ကျန်းရန်ကို ခပ်စိမ်းစိမ်း စိုက်ကြည့်လိုက်တော့သည်။

ကျန်းရန်သည် တုန်တုန်ယင်ယင်ဖြင့် ဒူးထောက်ချလိုက်တော့သည်။ သည်အခိုက်တွင် သူ့သတ္တိများအားလုံးသည် ရှန်ယွဲ့နှင့် ကျန်းရှုတို့ကြောင့် ကျိုးပျက်သွားတော့သည်။ သူသည် ဘာဒေါသ ခေါင်းမာမှုတို့ကိုမှ မထားရဲတော့ပေ။

" တကယ် ငါ့အမှားကို သိပါပြီ"

ကျန်းရန်က တုန်တုန်ယင်ယင်ဖြင့် ရှန်ယွဲ့ကို ဦးချလိုက်၏။ ရှန်ယွဲ့ ထုခြေထားသည့် သူ့ညာဘက်လက်ချောင်း နှစ်ချောင်းမှာ ယောင်ကိုင်းနေပြီး သူ့ကို အထူးတလည် သနားစရာကောင်းနေစေတော့သည်။

ဦးချလိုက်ပြီးနာက် ကျန်းရန်က တုန်တုန်ရီရီဖြင့် ရှန်ချန်ဘက်သို့ လှည့်လိုက်လေသည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now